top of page

နိုင်ငံတ၀န်း ၁၄ရက်အတွင်း လူ(၆၀)ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • 10 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

မြန်မာနိုင်ငံတဝန်း အောက်တိုဘာလ (၁)ရက် နေ့ကနေ (၁၄) ရက်နေ့ထိ စစ်ကော်မရှင်ကြောင့် အမျိုးသမီး (၂၂)ဦး အမျိုးသား (၃၈)ဦး စုစုပေါင်း (၆၀)ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျင်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။


သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်ကလေးငယ်၂၀ ဦးပါဝင်ပြီး သေဆုံးသူတွင်ထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်ကာ (၄၉)ဦးထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ကချင်ပြည်နယ်အတွင်းမှာတော့ ပါဂျောင်မီဒီယာက ရရှိခဲ့တဲ့ အချက်အလက်အရ အောက်တိုဘာလအတွင်း သေးဆုံးသူတစ်ဦးနှင့် ဒဏ်ရာရရှိသူ ၈ ဦးထိရှိခဲ့ပါတယ်။


ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာကို အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄နာရီ ၂၀မိနှစ်ခန့်မှာ Y-12လေယာဉ်နဲ့ လာရောက်ဗုံးကျဲချခဲ့သောကြောင့် ဦးမရန်ဇော်လ အသက်(၄၀)နှစ်အရွယ် (၁)ဦးသေဆုံးခဲ့ရပြီး၊ ဦးမော်မော် အသက်(၄၆)နှစ်အရွယ်၊ ဦးထွယ်နန်လီအောင် အသက်(၂၈)နှစ်အရွယ်နှင့် ဦးလဂရောင်ဒေါင်ဆန် အသက်(၃၃)နှစ်အရွယ်တို့(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page