နောင်နန့်ကျေးရွာမှ ၆နှစ်အရွယ် သမီးငယ် ပျောက်ဆုံးနေ
- Pajau Media

- Sep 3, 2025
- 1 min read
ပါဂျောင်မီီဒယာ
၃ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
မြစ်ကြီးနားမြို့နှင့် ၁၀မိုင်အကွာတွင် ရှိသည့် နောင်နန့်ရပ်ကွက်မှ အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေသောကြောင့် ရှာကူပေးရန် မိဘများ လိုလားနေကြသည်။
ယမန်နေ့ စက်တင်ဘာ၂ရက်နေ့ ညနေပိုင်း ၅နာရီနှင့် ၆နာရီအကြားအချိန်တွင် ရုတ်တရက် ပျောက်ဆုံးသွားပြီး လက်ရှိအချိန်အထိ အပူတပြင်း ရှာဖွေနေဆဲ ဖြစ်သည်။
ကလေးငယ်မှာ အသက်(၆)နှစ်အရွယ် မလဘူမေရီနန်ဇင်ဖြစ်ပြီး၊ အမှတ်(၄)နောင်နန်အစိုးရကျောင်းတွင် ပညာသင်ကြားနေသည့် သမီးငယ် ဖြစ်သည်။
ထို့ကြောင့် မိဘပြည်သူများ ဝိုင်းဝန်းကူညီပေးကြရန်နှင့် တွေ့ရှိပါက ဖုန်း-၀၉၄၂၂၄၀၀၈၅၂ကို ဆက်သွယ်အကြောင်းပေးရန် မိဘနှင့် မိသားစုဝင်များ တောင်းဆိုထားကြသည်။










Comments