နှစ်လအတွင်း နိုင်ငံတစ်ဝန်း ကလေးငယ်(၄၇)ဦး သေဆုံးခဲ့ကြောင်း AAPPထုတ်ပြန်
- Pajau Media

- Aug 29, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊ ဩဂုတ်၊ ၂၀၂၅။

ဇူလိုင် ၁ရက်နေ့မှ ဩဂုတ်၂၈ရက်နေ့အထိ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် နိုင်ငံတစ်ဝန်းရှိ အသက်(၁၈)နှစ်အောက် ကလေးငယ် မိန်းကလေး(၂၁)ဦးနှင့် ယောကျ်ားလေး (၂၆)ဦး၊ စုစုပေါင်း (၄၇)ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်းမှ သိရသည်။
သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၃၄)ဦးမှာ စစ်ကောင်စီ၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး၊ (၁၂)ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။
အဆိုပါ သေဆုံးသေများအနက် မန္တလေးတိုင်းတွင် (၁၁)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ မကွေးတိုင်းတွင် (၇)ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံး ဒေသဖြစ်သည်။
ထို့အပြင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်သည့် အသက်၁၈နှစ်အောက် အရပ်သားကလေးငယ် (၂၅)ဦးလည်း ရှိနေကြောင်း သိရသည်။
အာဏာသိမ်းခံရသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှစ၍ ယခုနှစ် ဩဂုတ်၂၈ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ဆောင်မှုကြောင့် အသက်(၁၈)နှစ်အောက် ကလေးငယ်များ ဖမ်းဆီးခံရမှုမှာ စုစုပေါင်း (၆၂၂)ဦးအထိ ရှိခဲ့ပြီဖြစ်ပြီး၊ စုစုပေါင်း သေဆုံးကလေးများမှာ (၈၈၅)ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း(AAPP)က ဖော်ပြထားသည်။
သတင်း - ထုဆိုင်း
Photo credit to Owner




Comments