နေရပ်ရင်းသို့ ပြန်လာကြသည့် နန့်ယားကျေးရွာမှ လူငယ်များကို စစ်တပ်က နာမည်စာရင်းကောက်ခံနေ
- Pajau Media

- Dec 18, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ဒီဇင်ဘာ၊၂၀၂၅။

တိုက်ပွဲကြောင့် စစ်ပြေးတိမ်းရှောင်နေခဲ့ပြီး လက်ရှိ နေရပ်ရင်းသို့ ပြန်လာကြပြီဖြစ်သည့် ဖားကန့်လမ်းမှ နန့်ယားကျေးရွာတွင် စစ်ကောင်စီမှ အသက်၁၈နှစ်အထက် လူငယ်များအား နာမည်စာရင်းကို လိုက်လံကောက်ခံနေသောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
ယခုကဲ့သို့ လူငယ်စာရင်း ကောက်ခံခြင်းမှာ နေရပ်ရင်းပြန်လာကြသည့် စစ်ရှောင်များ လူဦးရေစာရင်း သိရှိရန် သို့မဟုတ် ရွေးကောက်ပွဲ နီးလာသောကြောင့် လူဦးရေစာရင်းကောက်ခံခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။
ဒေသခံများမှာ လက်ရှိစစ်ရေးအခြေအနေ စိုးရိမ်နေရသေးသည့် အခြေအနေဖြစ်သော်လည်း အများစုမှာ နေရပ်ရင်းပြန်လာကြပြီး အချို့မှာ တိုက်ပွဲဖြစ်ပြီးကတည်းက အိုးမဲ့အိမ်မဲ့ဖြစ်ပွားခြင်း၊ ထိခိုက်ပျက်စီးခြင်းများကြောင့် ပြန်လာကြရန် ခက်ခဲနေကြကြောင်း သိရသည်။
စစ်ကောင်စီမှာ နိုင်ငံအတွင်း အသက်အရွယ်ရသည့် လူငယ်များအားလုံး စစ်မှုမထမ်းမနေရ ဉပဒေအတည်ပြုပြီးနောက် လူငယ်များကို ဖမ်းဆီးလာသည့်အပြင် လစဉ်စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြား နေကြောင်းသိရသည်။
သတင်း - ပီလမ့်အူ




Comments