နိုဝင်ဘာလ တစ်လတာ အတွင်း စစ်ကော်မရှင်နှင့် အမည်မသိလက်နက်ကိုင်တစ်စုကြောင့် (၈)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး (၅)ဦးသေဆုံး
- Pajau Media

- Dec 2, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။
ကချင်ပြည်နယ်တွင် နိုဝင်ဘာလ တစ်လတာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အရပ်သားပြည်သူ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၅) ဦးသေထိ ဆုံးခဲ့တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ထိုစာစောင်ဟာ အာဏာသိမ်းစစ်ကော်မရှင်နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်စုက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းစာဆောင်ဖြစ်ကြောင်းသိရသည်။
ထိုထဲတွင် ဖားကန့်မြို့ဟာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး နိုဝင်ဘာလ ၂၀ရက်နေ့တွင်လည်း စစ်ကော်မရှင်ရဲ့ လက်နက်ကြီးရမ်းတမ်းပစ်ခတ်မှုကြောင့် ဆိုင်းတောင်ရွာတွင် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
စစ်ကော်မရှင်ဟာ နှစ်ဖက်တပ်များကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတို့ဖြင့် ရမ်းတမ်းပစ်ခတ်မှုများကြောင်း ဖားကန့်တွင်သာမက တခြားနေရာများတွင်လည်း နေ့စဥ်ပြည်သူများ အသက်ရှုံးဆုံးခဲ့ရသည်။
သတင်း - ဇော်
















Comments