လုံးခင်းအုပ်စု မလောင်ကျေးရွာထဲ လက်နက်ကြီးကျရောက်သောကြောင့် မိသားစုဝင် (၃)ဦး သေဆုံးခဲ့
- Pajau Media

- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅။

ဖားကန့်မြို့နယ်၊ မလောင်ကျေးရွာထဲတွင် ယမန်နေ့ ဒီဇင်ဘာလ (၇) ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် မိသားစုဝင် (၃)ဦး သေဆုံးခဲ့ကြောင်း ဖားကန့်ဒေသခံများ ပြောပြချက်အရ သိရသည်။
ယမန်နေ့ ညနေပိုင်းတွင် စစ်ကော်မရှင်တပ်မှ ဒရုန်းနှင့် လက်နက်ကြီးတို့ဖြင့် လူနေအိမ်ဘက် ရမ်းတမ်းပစ်ခတ်မှုကြောင့် လုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာထဲရှိ နေအိမ်တစ်အိမ်တွင် ဗုံးကျရောက်ပေါက်ကွဲကာ မိသားစုဝင် (၃)ဦးသေဆုံးကာ လသားအရွယ် ကလေးတစ်ဦးသာ အသက်ရှင်ခဲ့ကြောင်း သိရသည်။
“မိသားစုက (၅)ယောက်ရှိတာ တစ်ယောက်က အိမ်မှာ မရှိဘူး၊ ကျန်တဲ့လူထဲက လသားအရွယ် ကလေးငယ် တစ်ဦးပဲ ကံကောင်းပြီး အသက်ရှင်တာ။” ဟု ဖားကန့်ဒေသခံက ပြောပြသည်။
မိသားစု (၅)ဦးရှိသည့်အနက် သားအကြီးဖြစ်သူမှာ သူ၏သူဌေးအိမ်သွားအိပ်ချိန် နေအိမ်ပေါ်ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဆိုပါအမျိုးသားနှင့် လသားအရွယ် ကလေးငယ်တစ်ဦးသာ အသက်ရှင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ရက်နေ့တွင်လည်း ဖားကန့်မြို့ ယူမာကျေးရွာ၊ ရွှေကျောက်ဆောင် စတိုးဆိုင်အနီးတွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံးနေခဲ့ပြီး ဖားကန့်မြို့ စစ်ကော်မရှင်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မကြာခဏဆိုသလို ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။
သတင်း - ဇော်




Comments