top of page

နန့်စီးအောင်ဂိတ်တွင် PSMS စနစ်ဖြင့် မှတ်ပုံတင်စစ်ဆေးချိန် CDM ဝန်ထမ်း(၃)ဦး အဖမ်းခံရ

  • Writer: Pajau Media
    Pajau Media
  • Sep 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



စစ်ကောင်စီ၏ နန့်စီးအောင်ဂိတ်တွင် ယမန်နေ့ စက်တင်ဘာ ၉ရက်နေ့က PSMS စနစ်ဖြင့် မှတ်ပုံတင်များ စစ်ဆေးချိန် CDMဝန်ထမ်း(၃)ဦး အဖမ်းခံခဲ့ရကြောင်း ဂိတ်နှင့်နီးစပ်သူများထံမှ သိရသည်။


ဖမ်းဆီးခံခဲ့ရသူများမှာ CDMဝန်ထမ်းနှစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီး၏ အမျိုးသားဖြစ်သူတို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။


ကချင်ပြည်နယ်အတွင်း နန့်စီးအောင်ဂိတ်နှင့် မြစ်ကြီးနား(၂၁)မိုင်ဂိတ်များမှာ ခရီးသွားလာနေသူများကို မှတ်ပုံတင်တိုက်စစ်ပြီး စစ်ဆေးကြမ်းနေသောကြောင့် ပစ်မှုမှတ်တမ်းရှိသူများ အဖမ်းခံရတာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီက ပြီးခဲ့သည့် မေလ၂၅ရက်နေ့နောက်ပိုင်းမှ စတင်ပြီး PSMSဆော့ဝဲကို အသုံးပြုကာ မှတ်ပုံတင်စစ်ဆေး ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ မြို့နယ်၊ နယ်မြေရဲစခန်းတိုင်းတွင်လည်း ပြည်သူများကို ပြစ်မှုမှတ်တမ်းနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို Person Scrutinization and Monitoring System (PSMS)ဆော့ဝဲကို အဓိကအသုံးပြုကြကြောင်းနှင့် ပစ်မှုကင်းရှင်းကြောင်း ထောက်ခံစာယူမည့် သူများကိုပါ မှတ်ပုံတင်တိုက်ပြီး စစ်ဆေးခြင်းများတွင် လုပ်ဆောင်ခဲ့ကြောင်း ရဲသတင်းအရင်းအမြစ်မှ သိရသည်။


PSMS (Person Scrutinization and Monitoring System)စနစ်ကြောင့် မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသူ (၁၆၅၀) ကျော် ရှိလာပြီဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page