top of page

နမ္မတီးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများ အစားအသောက်နှင့်ဆေးဝါးလိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 11
  • 1 min read

ပါဂျောင်မီဒီယာ။

၁၁ရက်၊ဧပြီလ၊၂၀၂၅။




လဝါးဒေသဝန်းကျင်အတွင်း ထိတွေ့တိုက်ပွဲ ပြင်းထန်လာချိန် ထွက်ပြေးတိမ်းရှောင်လာခဲ့သည့် စစ်ရှောင်များအထဲမှ နမ္မတီးနှစ်ခြင်းအသင်းတော်သို့ ထွက်ပြေးလာသော စစ်ရှောင်များမှာ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။


စတင်စစ်ရှောင်လာချိန် တောတောင်နေရာများသို့ ထွက်ပြေးခဲ့ကြသော်လည်း အချိန်ကြာမြင့်လာသည်နှင့်အမျှ ပိုမိုခက်ခဲလာသောကြောင့် နမ္မတီးနှစ်ခြင်းအသင်းတော်တွင် ထပ်ဆင့်ခိုလှုံလာခဲ့ရပြီး၊ စစ်ရှောင်ထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အများအပြားပါဝင်နေသလို ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ လိုအပ်နေသည်ဟု ဆိုသည်။


ထို့အပြင် အာဟာရဖြစ်စေသည့် အစားအ​ေသာက်များနှင့် စားဝတ်နေရေးအတွက် စားနပ်ရိက္ခာ အကူအညီများစွာ လိုအပ်လာသည်ဟု ဆိုသည်။ ယခုရက်ပိုင်းအတွင်း ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများ လာရောက်ကူညီမှုများ ရှိနေသော်လည်း အချို့မိသားစုဝင်များပြားသည့် အိမ်ထောင်စုများမှာ မလောက်ငှသည့်အပြင် နေရာထိုင်ခင်း အခက်အခဲများပါ ရှိလာသည်ဟုဆိုသည်။


နမ္မတီးကျေးရွာတွင် တိမ်းရှောင်လာသည့် လဝါးဒေသခံများမှာ မတ်လ ၃၁ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်နေရာယူလာချိန် ကြောက်ရွံ့သောကြောင့် တောတောင်နေရာတွင် ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး၊ ဧပြီလ၅ရက်နေ့မှ နမ္မတီးကျေးရွာသို့ ရွေ့ပြောင်းတိမ်းရှောင်လာခဲ့ကြပြီး စစ်ရှောင်လာသည့် အိမ်ခြေမှာ (၁၀၀)ကျော်ရှိကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comentarios


Pajau Media

Thanks for subscribing!

bottom of page