top of page

ပါဂျောင်မီဒီယာမှ ပြီးခဲ့သည့် ၂၀ရက်နေ့တွင် ဖော်ပြထားသည့်သတင်း အပြည့်အစုံကို ပြန်လည် တင်ဆက်ခြင်းဖြစ်ပါသည်

  • Writer: Pajau Media
    Pajau Media
  • Feb 22, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၄ခုနှစ်။



ree

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ရက်နေ့ နေ့လည်အချိန်ခန့်၌ လမိုင်လဆိုသူ၏ နေအိမ်တွင် သူငယ်ချင်းသုံးယောက် မူးယစ်ဆေးဝါး သုံးစွဲပြီး No(4) ဘိန်းဖြူအား လုယက်နေစဉ် အိမ်ရှင်ဖြစ်သူ လမိုင်လဆိုသူက နီးစပ်ရာဓားကောက်ကိုင်ပြီး ဓားထိုးသတ်မှု ဖြစ်ပွားခဲ့ရာ အသက် ၄၀ ဝန်းကျင်အရွယ် ကလေးတစ်ယောက် ဖခင်ဖြစ်သူကို ဓားဖြင့်ထိုးသတ်မှုဖြစ်ခဲ့ကြောင်း သိရသည်။


ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ကျန်တစ်ဦးမှာ ဓားထိုးခံရသူကို စူပါကတ်ဆိုင်ကယ်ပေါ် တင်ခေါ်ပြေးချိန် မန်ခိန်ရပ်ကွက် အုပ်စု(၃) အမက(၁) ကျောင်း လမ်းထောင့်နေရာအရောက်တွင် ပြုတ်ကျကျန်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။


ree

တင်ဆောင်လာသူမှာ ဒဏ်ရာရရှိသူအား တင် ဆောင်လာချိန် ပထမတစ်ခေါက် ပြုတ်ကျသည့်အချိန်တွင်သေချာပြန်ထူပြီး တင်ဆောာင်ခဲ့သော် လည်း ဒုတိယပြုတ်ကျချိန်တွင်တော့ ပြန်လည်တင်ဆောင်ခြင်းမရှိပဲ မောင်းပြေးသွားခဲ့ကြောင်း သိရသည်။


ဒေသခံများမှာ ဓားထိုးခံရသူအား နေ့လည် တစ်နာရီခန့်အချိန်၌ တွေ့ရှိခဲ့ပြီး ၁၅မိနစ်ခန့်အကြာမှ သေဆုံးခဲ့ကြောင်း ဆိုသည်။ ရပ်ကွက်လူကြီးများမှ နယ်မြေခံ ရဲစခန်းအား တိုင်ကြားပြီးနောက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ( ကချင်ပြည်နယ် မြစ်ကြီးနား) မှ လာရောက်ကြည့်ရှု့ မှတ်တမ်းယူကာ မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ပြစ်မှုကျူးလွန်သူ တရားခံကိုလည်း ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ၂၀ရက်နေ့ ည၁၀နာရီ ဝန်းကျင်အချိန်၌ပင် ရဲစခန်းမှ ကျူးလွန်သူအိမ်ဝင်း၌ ရှာဖွေစစ်ဆေးကာ ဖမ်းဆီးထိန်းသိမ်းထားနိုင်ကြောင်းနှင့် တရားခံဖြစ်သူကိုယ်တိုင်ကလည်း ပြစ်မှုကျူးလွန်ခဲ့ကြောင်း သက်သေပစ္စည်း ဓားနှင့်အတူ ဝန်ခံခဲ့ကြောင်း သိရသည်။





Comments


Pajau Media

Thanks for subscribing!

bottom of page