top of page

ပြည်တွင်းစစ်ရေး ပိုမိုကြာရှည်သွားနိုင်ကြောင်း KIOမိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီးအင်ဘန်လထည့်ပြော

  • Writer: Pajau Media
    Pajau Media
  • Oct 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


စစ်ကောင်စီက လက်ရှိ တစ်နိုင်ငံလုံး ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန် ပြင်ဆင်နေပြီး၊ အဆိုပါရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံ ပြည်တွင်းစစ်လည်း ပိုမိုကြာရှည်သွားနိုင်ကြောင်း KIA/KIO ဉက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက KIOအထိမ်းအမှတ်နေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။


စစ်ကောင်စီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကြောင့် ထောက်ခံသူများနှင့် ကန့်ကွက်သူအဖွဲ့ကြီးနှစ်ခုကွဲသွားပြီး၊ ယင်းအဖွဲ့ကြီးနှစ်ခုက ညှိနှိုင်းပြောဆိုရန် ပိုမိုခဲယဉ်းသွားမည်ဖြစ်သောကြောင်း မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်မှာ ပိုပြီးရှည်ကြာလာမည်ကို စိုးရိမ်သည်ဟု မိန့်ခွန်းတွင် ပြောဆိုထားသည်။


KIOအထိမ်းအမှတ်မိန့်ခွန်းထဲတွင် တိုက်ပွဲတွင်အတူအကွ ပူးပေါင်းတိုက်ခိုက်နေသည့် အခြားတိုင်းရင်းသားများနှင့် တော်လှန်ရေးတပ်ဖွဲ့များကိုလည်း ချစ်ချင်းမေတ္တာပြကာ စည်းလုံးညီညွှတ်စွာ နေထိုင်သွားကြရန်နှင့် လူမျိုးနှင့်တိုင်းပြည်အတွက် အသက်ရင်းပြီး ကာကွယ်ပေးခဲ့ကြသူများလည်း အသိအမှတ်ပြုကာ ပြည်သူ့အင်အားကို တော်လှန်ရေးအင်အားကြီးအဖြစ် အမြဲဦးဆောင်ကြိုးစားကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။


KIOကို ၁၉၆၀ခုနှစ် အောက်တိုဘာ၂၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ၆၅နှစ်ပြည့်ခဲ့ပြီဖြစ်သည်။


အောက်တိုဘာ ၂၅ရက်နေ့တွင် ကျရောက်သည့် (၆၅)နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO)နေ့ကို KIA/KIOက ယနေ့နံနက် ၇နာရီချိန်ခန့်တွင် လိုင်ဇာမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page