top of page

ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးနှင့်အပြိုင် မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 12
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ဇန္နဝါရီ၊၂၀၂၆။


မြန်မာနိုင်ငံ ပြည်တွင်းရွှေစျေးမှာ ကမ္ဘာ့ရွှေစျေးနှင့်အပြိုင် တစ်ကျပ်သားကို ကျပ် ၉၅ သိန်းကျော် ရောက်ရှိလာပြီဖြစ်ကြောင်း ရွှေ၊ငွေ အရောင်းအဝယ် လုပ်ငန်းရှင်များက ပြောသည်။


လက်ရှိတွင် ပြင်ပပေါက်စျေး ရွှေစျေးကွက်အရ ၁၆ ပဲရည် တစ်ကျပ်သားကို ရောင်းစျေး ကျပ် ၉,၄၉၀,၀၀၀ နှင့် ဝယ်စျေး ကျပ် ၉,၅၉၀,၀၀၀ ရှိနေပြီး ၁၅ ပဲရည် တစ်ကျပ်သားကို ရောင်းစျေး ကျပ် ၉,၀၃၀,၀၀၀ နှင့် ဝယ်စျေး ကျပ် ၈,၉၃၀,၀၀၀ ထိရှိနေသည်။


မြန်မာနိုင်ငံပြည်တွင်း ရွှေစျေးကွက်အရ ၂၀၂၅ ဇွန်လနောက်ပိုင်းတွင် တစ်ကျပ်သားကို ၈၂သိန်းဖြင့် စံချိန်တင် အမြင့်ဆုံးစျေးဖြစ်ခဲ့သည်။


မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ ရွှေစျေးသတ်မှတ်ချက်မှာ တစ်ကျပ်သားကို သိန်း ၆၀ ဖြင့်သတ်မှတ်ထားသော်လည်း လက်ရှိပြင်ပပေါက်စျေးသည် တစ်ကျပ်သားကို သိန်း ၉၀ ကျော်ရှိနေကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page