ပြည်ပရောက်ရှိနေသူများ ကြိုတင်မဲပေးရမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်
- Pajau Media

- Sep 17, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

လွှတ်တော်မဲဆန္ဒနယ် အသီးသီးတွင် မဲစာရင်းပါရှိပြီး ပြည်ပရောက်ရှိနေသူများမှာ ကြိုတင်ဆန္ဒမဲ ပေးရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့ စင်တင်ဘာ ၁၅ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ပြည်ပရောက်ရှိနေသူများအနေဖြင့် ကြိုတင်မဲပေးရာတွင် ပုံစံ ၁၅ကိုဖြည့်သွင်းပြီး အောက်တိုဘာ ၁၂ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ပို့ရမည်ဖြစ်သည်။ ထို့နောက် သက်ဆိုင်ရာ ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံများတွင် နိုင်ဝင်ဘာ ၂၅ရက်မှ ၂၉ရက်နေ့အတွင်း ကြိုတင်ဆန္ဒမဲ ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ် (၁၀၂)မြို့နယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး၊ ရွေးကောက်ပွဲကိုတော့ အပိုင်း ၃ ပိုင်းခွဲကာ ပြုလုပ်သွားမည် ဖြစ်သည်။
သို့သော် တော်လှန်ရေးတပ်ဖွဲ့များမှာ စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှလည်း ပြည်သူများအနေဖြင့် မပါဝင် မပူးပေါင်းကြရန် တိုက်တွန်းပြောဆိုထားသည်။
သတင်း - ထုဆိုင်း




Comments