ပိတ်ပင်ထားသောလမ်း မဖွင့်သေးသောကြောင့် ထန်ဂါးကျေးရွာများခက်ခဲလာ
- Pajau Media

- Jan 11
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊ဇန္န၀ါရီ၊၂၀၂၅။

ပူတာအိုအရှေ့ဒေသဘက် ပိတ်ပင်ထားသော ထန်ဂါးကျေးရွာသွားလမ်းမှာ လက်ရှိအချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သောကြောင့် ဒေသခံများ သွားလာရေးခက်ခဲပြီး၊ စား၀တ်နေရေးခက်ခဲလာမည်ကို စိုးရိမ်နေကြောင်း ပြောသည်။
"ဘယ်မှသွားလို့မရဘူး၊ လချီကြာပြီ။ အခုကရှိတာလေးနဲ့ နေနေကြတာ။ မျှ၀ေစားသောက်နေကြတာ။ ဒါတွေကုန်ရင် လမ်းကမဖွင့် စိုးရိမ်နေကြပြီ။"ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ စစ်ကောင်စီတပ်က ထန်ဂါးကျေးရွာအနီး၀န်းကျင် စစ်ရေးလှုပ်ရှားနေပြီး၊ သွားလာရေးလမ်းများလည်း ပိတ်ထားဆဲဖြစ်သည်။
အဆိုပါသွားလမ်းကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၁ရက်နေ့ ထန်ဂါးကျေးရွာအကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ဒေသခံများမှာ တောင်ယာ၊လယ်ယာများ လုပ်ကိုင်ကြပြီး အခြားစားသောက်ကုန်ပစ္စည်းများမှာ ထန်ဂါးလမ်းမှ မချမ်းဘော့၊ ပူတာအိုဘက်မှ သယ်ယူကြရသည်။
လက်ရှိ ယင်းဒေသ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း အပြန်အလှန် တင်းမာနေဆဲဖြစ်သည်။
ပူတာအိုအရှေ့ဘက်ဒေသတွင် ဒိန်ခက်၊ ဒိန်ဂါး၊ မရောဒ်၊ မပြုံး၊ ဒိန်ဆာစသည့်ကျေးရွာများ ပါ၀င်သည်။
သတင်း- ပီလမ့်အူ




Comments