ပိတ်မိနေသည့် ယာဉ်တန်းများ စစ်တပ်၏ဗုံးကြဲခံရ၊ ပြည်သူထိခိုက်မှုရှိ
- Pajau Media

- Dec 17, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ဒီဇင်ဘာ၊၂၀၂၅။

မြစ်ကြီးနား- ရွှေဘို ကားလမ်းပိတ်နေသောကြောင့် ပိတ်မိနေသော ခရီးသည်ယာဉ် ကားတန်းများကို စစ်တပ်က လေကြောင်းဗုံးဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်သဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ကားသမားများပြောပြချက်အရ သိရသည်။
"ခုတလောပိတ်မိနေတဲ့ကားတွေကို စစ်တပ်က လာပြီးဗုံးကြဲလို့ ကားတွေလည်း ပျက်စီးတာတွေရှိတယ်။ လူတွေလည်း ထိခိုက်သေဆုံးတာတွေရှိတယ်" ဟု ကားသမားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့ ဒီဇင်ဘာ ၁၆ရက်နေ့တွင် ရွှေဘိုမြို့နယ်တောင်ခြမ်းက မအူရွာနှင့် ရွာသစ်ကုန်းရွာအနီး ပိတ်မိနေသည့် ခရီးသွားယာဉ်တန်းများကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ကားများ ပျက်စီးသည့်အပြင် ပြည်သူများလည်း ထိခိုက်သေဆုံးမှု ရှိကြောင်း နှင့် Wetlet Information Network ကလည်း စစ်တပ်က ရွှေဘိုမြို့နယ်ကို ၁နာရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၈ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက မြစ်ကြီးနား-ရွှေဘို ကားလမ်းပိုင်းရှိ ဂိတ်များပိတ်နေဆဲဖြစ်သောကြောင့် "အရေးမကြီးသေးရင် ကားလမ်းဖြင့်ခရီးမသွားကြပဲ ငြိမ်ငြိမ်လေးနေပေးကြပါရန်" ကားသမားများက အသိပေးထားသည်။
သတင်း-ဖရိန်း




Comments