top of page

ပူတာအို-ခေါင်လန်ဖူးမြို့နယ်များတွင် စစ်တပ်ပူးပေါင်းတပ်ဖွဲ့နှင့် KIAတို့အကြား တိုက်ပွဲပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Oct 16
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

ရွေကောက်ပွဲကျင်းပမည့် မြို့နယ်ထဲပါဝင်သည့် ကချင်ပြည်နယ်မှ ပူတာအို၊ ခေါင်လန်ဖူးမြို့နယ်များတွင် လက်ရှိ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် KIAတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။


လက်တလော ပူတာအို-လုံရှာယန်အနီး တန်ဂျာကျေးရွာနှင့် မချမ်းဘော့-ထန်ဂါးကျေးရွာတို့တွင် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာပြီး၊ စစ်တပ်က ရွေးကောက်ပွဲမတိုင်မီ သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဒေသခံများ သုံးသပ်ပြောဆိုသည်။


စစ်တပ်က ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအို၊ ခေါင်လန်ဖူးဒေသတို့တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပေမယ့် ပူတာအို၊ ခေါင်လန်ဖူးဒေသတို့မှာ စစ်အင်အားများ ဖြည့်တင်းနေဆဲဖြစ်သလို အောက်တိုဘာလဆန်းက စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့ကို ထောက်ခံသည့် ဆန္ဒပြလှုပ်ရှားမှုများလည်း ရှိခဲ့ခြင်း ဖြစ်သည်။


ထန်ဂါးဒေသတွင် ယခင်က ထိတွေ့တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများ မရှိခဲ့ပေမယ့် ယခုကဲ့သို့ စစ်ရေးတင်းမာပြီး တိုက်ပွဲများ ဖြစ်ပွားလာသည့်အပြင် လမ်းများးပိတ်ပင်လာသောကြောင့် ဒေသခံများ သွားလာရေးအတွက် ခက်ခဲကြပ်တည်းမှုများလည်း ရှိနေကြောင်း သိရသည်။


အောက်တိုဘာ ၁၁ရက်နေ့ကတည်းက ထန်ဂါးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ထန်ဂါးအရှေ့ဘက်ခြမ်း လမ်းပိုင်းအချို့ပိတ်ပင်ထားဆဲဖြစ်ပြီး ခရီးသွားအချို့ ပိတ်မိနေသလို၊ ကျောင်းသွားတက်ရန် လိုအပ်သည့် ကျောင်းသားများလည်း ပိတ်မိနေရကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page