top of page

ပူတာအိုဒေသမှ စစ်တပ်ဖမ်းဆီးထားသည့် စတားလင့်စက်များ ငွေဖြင့်ပြန်ရွေးပြီး အသုံးပြုနေ

  • Writer: Pajau Media
    Pajau Media
  • Dec 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဒီဇင်ဘာ၊၂၀၂၅။


ပြီးခဲ့သည့်အပတ်မှစပြီး ပူတာအိုဒေသတွင်း စစ်ကောင်စီမှ စတားလင့်ဝိုင်ဖိုင်များ သိမ်းဆည်းထိန်းထိမ်းခြင်းများ လုပ်ဆောင်လာသောကြောင့် ဝိုင်ဖိုင်အသုံးပြုခွင့် နည်းပါးလာသော်လည်း မချမ်းဘော့ဒေသတွင် ဒီဇင်ဘာ၁၅ရက်နေ့ကတည်းက စတားလင့်ဝိုင်ဖိုင်စက်များ ပြန်လည်အသုံးပြုနေပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


“ရှေ့တစ်ပတ်လုံး စစ်တပ်က စတားလင့်စက်တွေ လိုက်ဖမ်းနေလို့ လိုင်းမသုံးခဲ့ရဘူး။ မနေ့ကမှ လိုင်းပြန်ရတာ။ စတားလင့်စက်တွေကိုတော့ ပိုင်ရှင်တွေက ၁၅သိန်းပေးပြီး ပြန်ထုတ်ယူရတာတဲ့။” ဒေသခံတစ်ဦးက ပြောသည်။


ပူတာအိုဒေသတွင် ပြီးခဲ့သည့်အပတ်အတွင်း မပခချုပ်မှ ပူတာအိုခရီးစဉ်ပြီးနောက် ရွှေမှော်များလည်း ပိတ်ပင်သွားပြီး၊ စတားလင့်ဝိုင်ဖိုင်စက်များကိုလည်း ဖမ်းဆီးထိန်းသိမ်းလာခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိ ပူတာအိုဒေသတွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသည့်အပြင် ရွှေမှော်အတွင်းမှ ရွှေလုပ်သားများ ဖမ်းဆီးခြင်း၊ ဘက်ဟိုးဖမ်းဆီးထိန်းသိမ်းခြင်းများ လုပ်ဆောင်နေပြီး၊ ဖမ်းဆီးခံရသူအချို့မှာ စစ်တပ်အတွင်း ကတုတ်ကျင်းတူးဖော်ခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။


လတ်တလော ပူတာအို အင်ခါဂါးဒေသဘက်မှာလည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ စစ်ရေးမှာ နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန်တင်းမာနေဆဲဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page