top of page

ပူတာအိုဒေသမှ အချို့ကျေးရွာများတွင် စစ်တပ်မှ ပေါ်တာဆွဲဖမ်းဆီးမှု ရှိနေ

  • Writer: Pajau Media
    Pajau Media
  • Nov 15
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊နိုဝင်ဘာ၊၂၀၂၅။



ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် စစ်ကောင်စီက ပြည်သူများအား ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။


ပူတာအို လုံရှာယန်၊ ခေါင်လန်ဖူး စသည့်ဒေသများတွင် အခြေစိုက်နေထိုင်သည့် စစ်တပ်စခန်းများမှ စစ်ကောင်စီဝင် တပ်ဖွဲ့များက ကျေးရွာများတွင် တစ်ရွာပြီးတစ်ရွာ ဝင်ရောက်ကာ လူငယ်များနှင့် အသက်အရွယ်ရသေးသည့် အမျိုးသားများကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။


စစ်ကောင်စီတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေချိန် ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် ပြည်သူများမှာ အချို့က ၂ရက်မှ၃ရက်ထိ ဖမ်းဆီးခေါ်ဆောင်ခံရခြင်းမျိုး ရှိသလို အချို့ပြည်သူများမှာ တစ်ပတ်နီးပါးထိ မလွတ်လာသေးသူများလည်း ရှိနေကြောင်း သိရသည်။


ယခုကဲ့သို့ ပေါ်တာဆွဲဖမ်းဆီးခံရမှုများ များပြားလာသောကြောင့် ပူတာအိုအခြေစိုက် စစ်တပ်စခန်းနှင့် နီးစပ်သည့် ကျေးရွာများမှ လူငယ်များ၊ အသက်အရွယ်ရသေးသည့် အမျိုးသားများမှာ တောတောင်နေရာသို့ ကိုယ်လွတ်တိမ်းရှောင်သွားကြသူများလည်း ရှိသည်ဟု ဆိုသည်။


ပူတာအိုဒေသတွင် စစ်ကောင်စီက နေ့စဉ် စစ်အင်အားတိုးကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေရာ ပြည်သူများကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေသောကြောင့် အဆိုပါဒေသရှိ ဒေသခံများမှာ စိုးရိမ်စွာ သွားလာနေရကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page