ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းကို တစ်ပတ်တစ်ကြိမ်သာ ဖွင့်ပေးနေ
- Pajau Media

- Nov 12
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။

ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ကောင်စီကပိတ်ပင်ခဲ့ပြီး လက်ရှိချိန်တွင် တစ်ပတ်ကိုတစ်ကြိမ်သာ ဂိတ်ဖွင့်ပေးကာ သွားလာခွင့်ပေးနေကြောင်း ကားသမားများပြောပြချက်အရ သိရသည်။
“တစ်ပတ်ကို တခါလောက်ဘဲ ဂိတ်ကဖွင့်ပေးတယ် ဘယ်ချိန်ဖွင့်ပေးတယ်ဆိုတာတော့ ရက်သတ်မှတ်ထားတာမရှိဘူး သူတို့ဖွင့်ပေးချင်တဲ့ချိန် ဖွင့်ပေးတယ်"ဟု ကားသမားတစ်ဦးက ပြောသည်။
စစ်ကောင်စီက ဂိတ်ကို ရက်သတ်မှတ်ပြီး ဖွင့်ပေးခြင်းမရှိသည့်အတွက် ကားသမားများသည် လမုန်ဇွတ်နှင့် တန်ဖရဲဂိတ်များတွင် တန်းစီစောင့်ဆိုင်းနေရတတ်ကြောင်း ဆက်ပြောသည်။
စစ်ကောင်စီသည် ထိုသို့ဂိတ်များ ပိတ်ပင်လိုက်သောကြောင့် လက်ရှိချိန်တွင် ပူတာအိုဒေသဘက်တွင် ကုန်စည်အဝင်အထွက် နည်းပါးလာပြီး စက်သုံးဆီများနှင့် အခြားကုန်စျေးနှုန်းများလည်း စျေးနှုန်းများ မြှင့်တက်လျက်ရှိနေကြောင်း သိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့စပြီး ပူတာအို–မြစ်ကြီးနားလမ်းပိုင်းကို ရုတ်တရက်ပိတ်ချလိုက်ပြီး ခရီးသည်ပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။
သတင်း-ဖရိန်း



Comments