top of page

ပူတာအို-မြစ်ကြီးနား ကားလမ်းပိတ်ပြီးနောက် ပူတာအိုမြို့ကို စစ်တပ်ထောက်ပို့လေယာဉ် ဆိုက်ရောက်လာ

  • Writer: Pajau Media
    Pajau Media
  • Oct 24
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

ပူတာအို – မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ကောင်စီက မြစ်ကြီးနားအထက်ပိုင်း လမုန်ဇွပ်‌ကျေးရွာတွင် ဂိတ်ပိတ်ချလိုက်ပြီးနောက် စစ်တပ်၏ ထောက်ပို့လေယာဉ်များ ဆက်တိုက်ဆိုက်ရောက်လာသောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။


"ဒီနေ့တစ်ရက်တည်းမှာဘဲ စစ်တပ်ရဲ့ထောက်ပို့လေယာဉ် Y8 သုံးကြိမ်လာသွားတယ်။ အဲဒါစစ်လက်နက်၊ ရိက္ခာသယ်ပို့နေတာပဲ ဖြစ်လိမ့်မယ်၊ မြစ်ကြီးနားလမ်းလည်း ဒီမနက်မှာပဲ ပိတ်လိုက်တယ်ဆိုတော့ ဒါတိုက်ဆိုင်မှု ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပူတာအိုဒေသခံတွေ အတော်သတိထားရတော့မယ်ဗျ"ဟု ဒေသခံအမျိုးသားတစ်ဦးက ယမန်နေ့တွင် ပြောဆိုထားသည်။


ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို ယမန်နေ့ အောက်တိုဘာလ ၂၃ရက် နံနက်ပိုင်းမှစပြီး စစ်တပ်ဘက်က စစ်ရေးအကြောင်းပြကာ ပိတ်လိုက်ပြီးဖြစ်နောက် စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်ကြီးဖြစ်သည့် Y8လေယဉ်က ပူတာအိုမြို့ လေဆိပ်သို့ သုံးကြိမ်ထိ ဆိုက်ရောက်လာခဲ့သည်ဟု ဆိုသည်။


ထို့ကြောင့် ဒေသခံများက တိုက်ဆိုင်မှုမဟုတ်ဘဲ ဒေသအတွင်း စစ်ရေးအခြေအနေ ပိုမိုပြင်းထန်လာနိုင်ပြီး စိုးရိမ်ရမည့် အခြေအနေဖြစ်သည်ဟု ပြောသည်။


ယခုလအတွင်း မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပြင် ခေါင်လန်ဖူးမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များ၏ တပ်စခန်း(၂)ခုကို တော်လှန်ရေးတပ်ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page