top of page

ပူတာအိုမြို့နယ်တွင်း စစ်တပ်က ဗုံးကြဲလေယာဉ်ဖြင့် ဆက်တိုက်ပျံဝဲပြီး ပစ်ခတ်မှုများ လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Nov 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊နိုဝင်ဘာ၊၂၀၂၅။


ပူတာအို-ခေါင်လန်ဖူးနှင့် ဆွမ်ပရာဘွမ်မြို့နယ်အပြင် မြစ်ကြီးနားလမ်းတလျှောက် နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ ဗုံးကြဲလေယာဉ်နှင့် စစ်ရဟပ်ယာဉ်များ ဆက်တိုက်ပျံဝဲကာ ပစ်ခတ်တိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများ အလွန်စိုးရိမ်နေကြရသည်ဟု ပြောသည်။


ပြီးခဲ့သည့် နိုဝင်ဘာ၂၅ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်း မြစ်ကြီးနား ကားလမ်းအတိုင်း ဆန်တက်လာကာ ပြည်သူများ နေရပ်စွန့်ခွာထားသည့် ဝဒက်ကျေးရွာတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


နိုဝင်ဘာ တစ်လတာအတွင်း ပူတာအိုခရိုင်တွင် လေကြောင်းတိုက်ခိုက်မှုမှာ အနည်းဆုံး (၁၀)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။


စစ်ကောင်စီနှင့် ပြည်သူ့စစ်များမှာ ခေါင်လန်ဖူးမြို့နယ်သို့ စစ်အင်အားတိုးချဲ့ပြီး လန်ဆယ်ဒေသဘက် ထိုးစစ်များ ပိုမိုလုပ်ဆောင်လာပြီး၊ လေကြောင်းပစ်ကူခြင်းနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပို့ပေးခြင်း နေ့စဉ်ပြုလုပ်လာကြကြောင်းလည်း ဒေသခံများက ပြောသည်။


ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ဗျူဟာမူး ကိုယ်တိုင်ဦးစီး၍ ထိုးစစ်ဆင်နေကြောင်း သတင်းရရှိပြီးနောက် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုမှာ ပူတအိုဒေသဘက် ပူးတွဲလုပ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page