top of page

ပူတာအိုမြို့နယ်တွင် လွတ်တော်ဆန္ဒ‌မဲစာရင်းများတွင် လက်မှတ်ထိုးရန် လိုက်လံကောက်ခံနေ

  • Writer: Pajau Media
    Pajau Media
  • Oct 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ပူတာအိုမြို့နယ်၏ မဲဆန္ဒနယ်များဖြစ်သည့် ကျေးရွာအုပ်စုများသို့ ပြည်သူ့လွတ်တော်များအတွက် မဲဆန္ဒရှင်များအား လက်မှတ်ထိုးပေးရန်လိုက်လံကောက်ခံနေပြီဟု သိရသည်။


ယင်းကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူများအကြားအမျိုးမျိုး စိတ်ဝမ်းကွဲနေကြရကြောင်း၊တစ်ဖက်တွင်လည်း အုပ်ချုပ်ရေးပိုင်းမှ ဖိအားပေးလက်မှတ်ထိုးခိုင်းစေမှုများ ရှိနေကြောင်း ဒေသခံပြည်သူ အမျိုးသားတစ်ဦးက ပြောသည်။


"ငါတို့ပြည်သူတွေအနေနဲ့ အများပိုင်းက လက်မှတ်ထိုးပေးဖို့ ဆန္ဒမရှိကြပါဘူး၊ ဒါပေမယ့်တစ်ချို့ကကျတော့ ပြည်သူ့လွတ်တော် တိုင်းရင်းသား လူမျိုးစု မဲဆန္ဒနယ်၊ မဲဆန္ဒရှင်စာရင်းမှာလိုက်ပြီး လက်မှတ်ထိုးကြဖို့ ဆန္ဒရှိကြပြန်တယ်။ ကိုယ်စားလှယ်လောင်းတွေက အခုထိ ဘယ်သူ၊ဘယ်ဝါဆိုတာလဲ မသိရသေးဘူး။ ကျေးရွာအုပ်ချုပ်ရေးမှုးတွေ၊ ရာအိမ်မှူးစတဲ့ အုပ်ချုပ်ရေးအပိုင်းကနေလည်း ပြည်သူတွေကို လက်မှတ်ထိုးပေးဖို့ တောက်လျှောက်ဖိအားတွေ ပေးနေတယ်" ဟု ပြောသည်။


မဲဆန္ဒရှင်စာရင်းတွင် သေးဆုံးသွားသူများ၊ပြောင်းရွှေ့သွားသော ပြည်သူများ၏ အမည်စာရင်းများလည်း ပါဝင်နေကြောင်း ထပ်မံသိရသည်။ ထိုစာရင်းတွင် အောက်တိုဘာလ ၁၄ရက်နောက်ဆုံးထား၍ ထိုးပေးရမည်ဖြစ်ကြောင်းကြေငြာထားသည်။


ပူတာအိုမြို့နယ်အတွင်း မဲဆန္ဒနယ် နှစ်ခုအဖြင့်ရွေးကောက်ပွဲကျင်းပရန် စီစဉ်ပြီးထားကြောင်းလည်း သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page