top of page

ပူတာအိုမြိုနယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ပြိုကာ လူ (၂) ဦးသေဆုံးခဲ့

  • Writer: Pajau Media
    Pajau Media
  • Sep 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မန်စေခွန်ကျေးရွာအနီး ကကြီးတောင်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်နေ့ ညအချိန်က မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ပြိုပြီး လူ(၂)ဦးသေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


အဆိုပါ တောင်ပြိုပြီး သေဆုံးခဲ့ရသူနှစ်ဦးမှာ ဆေးမြစ်ရှာရင်း ကျော့ကွင်းထောင်ရန်သွားရာမှ သေဆုံးခဲ့ရခြင်းဖြစ်ပြီး၊ လူတစ်ဦး၏ ရုပ်အလောင်းကိုသာ တွေ့ရှိကာ ကျန်တစ်ဦးမှာ ဆက်လက်ရှာဖွေဆဲ ဖြစ်ကြောင်း သိရသည်။


သေဆုံးသူနှစ်ဦးမှာ ပူတာအိုမြို့ ဝါးဆာကျေးရွာမှဖြစ်ပြီး၊ သားသမီး(၄)ဦးဖခင် အသက်(၆၁)နှစ်အရွယ် ဦးဂျေယော်ဒါး ရုပ်အလောင်းကိုသာ တွေ့ရှိသေးကြောင်း သိရသည်။


စက်တင်ဘာလဆန်းကတည်းက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပူတာအိုဒေသ မန်စေခွန်ကျေးရွာအုပ်စုထဲတွင် ချောင်းရေကြီးကာ တောင်ကျချောင်း‌ရေ တိုက်စားသောကြောင့် လယ်ဧက(၁၀၀)ခန့် ပျက်စီးသွားခဲ့ရသည်ဟု ဆိုသည်။


သတင်း - မလိခူး

Photo credit to Owner


Comments


Pajau Media

Thanks for subscribing!

bottom of page