ပူတာအိုမြို့ရှိ ပြည်သူ့စစ်ဂိတ်များတွင် ပြည်သူများကို ဖြတ်သန်းသွားလာခွင့်ကန့်သတ်တားသောကြောင့် သွားလာရေးတွင် ခက်ခဲနေ
- Pajau Media

- Dec 5, 2025
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ပြည်သူ့စစ်ဂိတ်များတွင် ပြည်သူများကို ဖြတ်သန်းသွားလာခွင့်ကန့်သတ်တားသောကြောင့် သွားလာရေးတွင် ခက်ခဲနေကြောင်း ဒေသခံများပြောပြချက်များအရသိရသည်။
ပူတာအို – နောင်မွန် – ခေါင်လန်ဖူးလမ်းဆုံတွင်အထိုင်ချထားသည့် ပြည်သူ့စစ်ဂိတ်တွင် ည ၉ နာရီအထိသာဖြတ်သန်းသွားလာခွင့်ပြုထားသောကြောင့် ဒေသခံမျာသွားလာရာတွင် အခက်အခဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“လမ်းဆုံနေရာမှာ ဂိတ်ထိုင်ပြီး အသွားအလာ ကန့်သတ်ထားတာက အဆင်မပြေဘူး " ဟု ဒေသခံတစ်ဦးက ပြောသည်။
တစ်ဖက်မှာလည်း ဂိတ်ဖြတ်သန်းနေသည့် ကုန်ကားများနှင့် ခရီးသည်ကားများကို အခွန်များသတ်မှတ်ပြီး ကောက်ခံနေပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေကြောင်း သိရသည်။
"အဲ့ဂိတ်ကနေ ဖြတ်သန်းသွားလာတဲ့ ကားတွေကိုအခွန်ကောက်တယ်၊ ခရီးသည်ပါရင် စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ် " ဟု အထက်ပါက ဆက်ပြောသည်။
ထိုပြည်သူ့စစ်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အထိုင်ချတာဖြစ်ပြီး ပူတာအိုမြို့ပေါ်မှ တစ်ခုတည်းသောပြည်သူ့စစ်ဂိတ်ဖြစ်ကြောင်း သိရပါသည်။
သတင်း-ဖရိန်း




Comments