top of page

ပူတာအို-မဂွေဇ-ခေါင်လန်ဖူးလမ်း ပြုပြင်ပေးခြင်းမရှိသဖြင့် ဒေသခံများ အခက်တွေ့နေ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ဒီဇင်ဘာ၊၂၀၂၅။



ပူတာအို-မဂွေဇ-ခေါင်လန်ဖူး လမ်းကြောင်းတစ်ခုသာ ဒေသနေပြည်သူများ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အဓိကအားထားရသော လမ်းကြောင်းတစ်ခုဖြစ်သော်လည်း ပြုပင်ပေးခြင်းမရှိသောကြောင့် ဒေသခံများ အခက်တွေ့နေသည်ဟု ဆိုသည်။


"ခါတိုင်းနှစ်တွေဆို ခုချိန်တော့ ရှောက်ကော ဝယ်၊ ရောင်းကြတဲ့အချိန်ဟုတ်တယ်။ ဒီနှစ်ကျတော့ ဝယ်လက်ဒိုင်တွေလည်း မလာနိုင်သလို ဒေသကလူတွေလည်း လမ်းမကောင်းတော့ ပို့ပေးလို့မရဘူး။ လမ်းပျက်နေတာ အရမ်းကြာပြီ၊ မိုးတွင်းကတည်းကပဲ၊ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေလည်းသိတယ်၊ တွေ့တယ်။ ဒါကိုခုထိပြင်ဆင်ပေးခြင်းမရှိတော့ ဒေသခံတွေအတွက် အရမ်းခက်ခဲနေကြရတယ်" ဟု ရှောက်ကောစိုက်ခင်းပိုင်ရှင်တစ်ဦးက ပြောသည်။


ထို့အပြင် ပူတာအိုဘက်မှ ကုန်စည်စီးဆင်းမှု မရှိသဖြင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လျှက်ရှိနေပြီး ဒေသ၏အဓိက ထွက်ကုန်ဖြစ်သော ရှောက်ကော(ဟင်းခတ်အမွှေးကြိုင်) တင်ပို့မှုလည်း ရောင်းဝယ်ဖောက်ကားမှု ရပ်တန့်ခဲ့ရကြောင်း သိရသည်။


ဒေသရှိပြည်သူများမှာ ရှောက်ကော စိုက်ပျိုးမှုကို အဓိကအားထား လုပ်ဆောင်လေ့ရှိပြီး ၎င်းဝင်ငွေမှ မိသားစုစားဝတ်နေရေးကို ဖြေရှင်းကြရသည်ဟု ဆိုသည်။


ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ကာ တောင်ကျရေကြာင့် တံတားပျက်စီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် လမ်းပိုင်းပျက်စီးခဲ့ကာ သွားလာရေး ခက်ခဲခဲ့ရသဖြင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့ရသည်မှာ ၆ လခန့်ကြာလာပြီဖြစ်သည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page