top of page

ပူတာအိုသွားလမ်း မကြာခဏ ပိတ်ပင်သောကြောင့် ပူတာအိုဒေသခံများ ခက်ခဲလာမည်ကို စိုးရိမ်

  • Writer: Pajau Media
    Pajau Media
  • Oct 30, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


စစ်ကောင်စီက မြစ်ကြီးနား-ပူတာအိုသွားလမ်းကြောင်းဖြစ်သည့် လမုန်ဇွပ်၊ ကျိန်ခရန်၊ တန်ဖရဲ စသည့်ကျေးရွာများရှိ စစ်ဆေးရေးဂိတ်များတွင် လမ်းသွားလမ်းလာ ပြည်သူများကို မေးမြန်းစစ်ဆေး ကြမ်းတမ်းပြီး၊ မကြာခနတားဆီးပိတ်ပင်နေသောကြောင့် ပူတာအိုလမ်းတစ်ကြောရှိ ပြည်သူများ အလွန်ခက်ခဲလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။


“အရင်ရက်တွေမှာက အတက်အဆင်းအားလုံးကို သွားခိုင်းတယ်။ မနေ့ ၂၉ရက်နေ့ကတည်းကနေ မသွားခိုင်းတော့ဘူး၊ ခက်ခဲနေတဲ့ကြားက ကြွက်ဘေးရောက်လို့ တစ်နေ့လုပ်တစ်နေ့စား လုပ်နေရတဲ့ချိန် ကုန်တင်ကားတွေ ပြန်မသွားခိုင်းတော့ ပိုခက်ခဲလာမှာပေါ့။” ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။


လက်ရှိနိုင်ငံရေးကြား လမ်းသွားလမ်းလာ ခက်ခဲလာသလို ကားလမ်းများ မကြာခန ပိတ်ပင်ထားသောကြောင့် ပူတာအိုဒေသခံများ ကုန်ဈေးနှုန်းများ ယခင်အတိုင်း ပြန်တက်သွားမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။


ယခုနှစ်က ယခင်နှစ်များထက် ပိုမိုခက်ခဲသည့်နှစ်ဖြစ်သည့်အပြင် တောင်ယာလုပ်ကိုင်သူများလည်း ကြွက်ဘေးဖျက်ဆီးသောကြောင့် အစားအသောက် ပိုမိုခက်ခဲလာရာ ယခုကဲ့သို့ ကားလမ်းပြန်ပိတ်ပင်လာခြင်းကြောင့် ဒေသခံများ ခက်ခဲနေကြခြင်း ဖြစ်သည်။


ပူတအိုသွားလမ်းကို ပြီးခဲ့သည့် အောက်တိုဘာ၂၃ရက်နေ့ကတည်းက စစ်ကောင်စီဘက်က ပိတ်ပင်လိုက်ပြီးနောက် ၂၇ရက်နေ့တွင် ပူတာအိုဘက်မှ အဆင်းကားများကိုသာ ဖြတ်သန်းခွင့်ပေးထားသော်လည်း ၂၉ရက်နေ့တွင် အတက်အဆင်း လမ်းကြောင်းနှစ်ခုစလုံး မရတော့ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ



Comments


Pajau Media

Thanks for subscribing!

bottom of page