top of page

ပူတာအို အင်ခါဂါးကျေးရွာဘက် စစ်ရေးတစ်ဖန် ပြင်းထန်လာ၊ ဒေသခံများ စိုးရိမ်နေ

  • Writer: Pajau Media
    Pajau Media
  • 6 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ဇန္နဝါရီ၊၂၀၂၆။


KIA အမှတ်(၁)တပ်မဟာဒေသ အင်ခါဂါးကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် KIAတပ်ဖွဲ့များ အချင်းချင်း အပြန်အလှန် စစ်ရေးတင်းမာနေကြသောကြောင့် ယင်းဒေသရှိ ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။


ပူတာအို၊ အရှေ့ဒေသဘက်တွင် လက်ရှိလမ်းများအားလုံး ပိတ်ပင်ထားဆဲဖြစ်ပြီး၊ လမ်းစပိတ်ကတည်းက သောင်တင်နေသည့် ဒေသခံများမှာ အင်ခါဂါးလမ်းဘက်မှ ကွေ့ပြန်ရန် စီစဉ်ထားကြသော်လည်း စစ်ရေးပြန်လည် တင်းမာလာသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု ဆိုသည်။


“ရွာမပြန်ရတာလဲကြာပြီ။ အင်ခါဂါးလမ်းကနေ ပြန်ဖို့လုပ်ထားတယ်။ မချမ်းဘော့ကနေ စက်လှေအသေးနဲ့ မလိခမြစ်ကနေ အင်ခါဂါးထိ၊ ပြီးရင် ခြေကျင် လမ်းပြန်လျှောက်ရမယ်။ အဲ့လိုပဲ ရတော့မယ်။ ထန်ဂါးလမ်းက ဘယ်ချိန်မှဖွင့်မလဲ မသိဘူးလေ။” ဟု မရောဒ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် အပတ်တွင်လည်း အမှတ်(၁)တပ်မဟာဒေသ အင်ခါဂါးစစ်မျက်နာဘက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် အင်ခါဂါးလမ်းဘက်မှ သွားလာရေးလမ်းအဖြစ် အသုံးပြုရန် ဒေသခံများ စိုးရိမ်နေကြသည်ဟု ဆိုသည်။


လက်ရှိ ကချင်ပြည်နယ်တွင်း ဗန်းမော်၊ ဖားကန့်နှင့် ဝိုင်းမော်စစ်မျက်နာအပြင် အမှတ်(၁)တပ်မဟာဒေသ ပူတာအို အင်ခါဂါး၊ အမှတ်(၂)တပ်မဟာဒေသ လပူခဘက်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။


ဇန္နဝါရီ ၁၂ရက်နေ့မှ ၁၈ရက်နေ့အထိ ကချင်ပြည်နယ်တွင်း တိုက်ပွဲပေါင်း ၁၂ကြိမ်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page