top of page

ပုဒ်မ(၅၀၅)ကဖြင့် တရားစွဲခံထားရသူများ လွှတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေး

  • Writer: Pajau Media
    Pajau Media
  • Nov 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊နိုဝင်ဘာ၊၂၀၂၅။


မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံထားရသည့် ဒေါဆောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုမှုများ ရှိနေချိန် ပုဒ်မ(၅၀၅)ကဖြင့် တရားစွဲခံထားရသူများကို နိုဝင်ဘာ၂၇ရက်နေ့တွင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။


ယခုလွှတ်ငြိမ်းချမ်းသာခွင့်ထဲတွင် ပုဒ်မ(၅၀၅)ကဖြင့် တရားစွဲခံရပြီး၊ ထွက်ပြေးလွှတ်မြောက်နေသူများထိ အမှုပိတ်သိမ်းပေးမှုများ ရှိခဲ့သည်။ သို့သော် နိုင်ငံရေးအကျဉ်းအသား အများစုမှာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံရဆဲဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်လည်း လွှတ်မြောက်လာသူထဲ မပါသေးကြောင်း သိရသည်။


စစ်ကောင်စီမှာ ရွေးကောက်ပွဲလမ်းကြောင်းးအတိုင်း ဆက်လက်ဆောင်ရွက်နေပြီး၊ ရွေးကောက်ပွဲအတွင်း မဲပေးနိုင်ရန် ရည်ရွယ်ပြီး ရွေးကောက်ပွဲအလို တစ်လအလိုတွင် ယခုကဲ့သို့ ခံဝန်ဖြင့် လွှတ်မြောက်ခွင့်ပေးခြင်း ဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝန်းက ပြောသည်။


ပုဒ်မ(၅၀၅)ကဖြင့် တရားစွဲခံရပြီး ထောင်ကျနေသူများနှင့် အမှုရင်ဆိုင်နေရသူများကို စစ်ကောင်စီမှ လွှတ်ငြိမ်းချမ်းသာခွင့်ပေးရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း(၇၀၀)ဝန်းကျင် လွှတ်မြောက်လာကြသော်လည်း အခြားနိုင်ငံရေးအကျဉ်းသား(၂၀၀၀)ကျော်မှာ ဆက်လက်ကျန်ရှိနေသေးကြောင်း သိရသည်။


မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံရသူပေါင်း ၃သောင်းကျော်ရှိနေပြီး၊ ယင်းထဲမှ ၂သောင်းမှာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံရဆဲဖြစ်သလို အခြားတစ်သောင်းမှာ ထောင်ဒဏ်ချမှတ်ခံထားရဆဲဖြစ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page