top of page

ပြန်လည်စတင်မည့် မြစ်ဆုံးစီမံကိန်း ကန့်ကွက်လာသူများကို အရေးယူမည်

  • Writer: Pajau Media
    Pajau Media
  • Dec 23, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ဒီဇင်ဘာ၊၂၀၂၅။


ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံစီမံကိန်းကို အထောက်အထားခိုင်လုံမှုမရှိဘဲ ကန့်ကွက်လာလျှင် ကန့်ကွက်သူများကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။


စစ်ကောင်စီက ခွင့်ပြုထားသည့် မြစ်ဆုံစီမံကိန်းကို အထောက်အထားခိုင်လုံမှုမရှိဘဲ ကန့်ကွက်ပါက အရေးယူမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ထုတ်ပြန်ထားသည်။


မြစ်ဆုံစီမံကိန်းကို တရုတ်နှင့် ပူးပေါင်းပြီး ပြန်လည်စတင်သွားမည်ဖြစ်ပြီး ထိုစီမံကိန်းကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းအနေဖြင့် မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်းများ၊ စာချုပ် စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့်ပတ်သက်ပြီး အထောက်အထားခိုင်လုံမှုမရှိဘဲ ကန့်ကွက်လျှင် တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ရပ်ဆိုင်းထားသော ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့နှင့် တရုတ်ကုမ္ပဏီ Yunan International Power Investment (SPICYN) နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page