top of page

ဖားကန့်-ကျောက်သွေးတောင်ကို စစ်ကော်မရှင်က ဒရုန်းဗုံးကြဲချ၍ သားအဖနှစ်ဦးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Sep 23, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကျောက်သွေးတောင် ကျေးရွာ ကွက်သစ်ကို ယမန်နေ့ စက်တင်ဘာလ ၂၂ရက် ညနေ ၅နာရီခွဲခန့်က စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်တာကြောင့် သားအဖနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။


“ဖားကန့်တပ်မကုန်းကနေ တညလုံး ရမ်းသန်းပြီးပစ်နေတာ၊ တညလုံးလည်း ဗုံးခိုကျင်းထဲပုန်းနေရတယ် မလွယ်ဘူး။ စစ်ရှောင်တဲ့မိသားစုတွေလည်း ရှောင်ကုန်ကြပြီ။ ဒရုန်းလား၊ လက်နက်ကြီး ရမ်းသမ်းပစ်နေတာလား မသိပါဘူးဗျာ” ဟု ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


သေဆုံးသူသားအဖ နှစ်ဦးတွင် ဖခင်ဖြစ်သူမှာ ဦးကျော်စိုး( အသက် ၄၅ နှစ် )ဖြစ်ပြီး သားဖြစ်သူမှာ မောင်ထူးထူးစံဖြစ်ကြောင်း ဒေသခံများမှ သိရသည်။


စစ်ကော်မရှင်မှ လက်နက်ကြီးနှင့် ဒရုန်းဗုံးသီးများကို ညလုံးပေါက် ဆက်တိုက်ပစ်ခတ်နေသောကြောင့် ပြည်သူများသည် တညလုံး ဗုံးခိုကျင်းထဲ နေခဲ့ရသည်ဟု ဆိုသည်။


ဖားကန့်မြို့နယ်တွင် လက်နက်ကြီးနှင့် ဒရုန်းဗုံးသီး ကျရောက်မှုကြောင့် နေ့စဉ်ရက်ဆက် လူ သေဆုံးမှုများ ဖြစ်နေပြီး၊ စစ်ကော်မရှင်က ပြည်သူများကို အကြောက်တရားထည့်ပေးပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ပြည်သူများ ပြောဆိုနေကြသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page