ဖားကန့်စုပေါင်းရုံးရှေ့ မိုင်းပေါက်ကွဲသောကြောင့် ပြည်သူနှစ်ဦးထိခိုက်
- Pajau Media

- Dec 21, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊ဒီဇင်ဘာလ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယမန်နေ့ ၈ နာရီခွဲခန့်က စုပေါင်းရုံးရှေ့ မိုင်းပေါက်ကွဲခဲ့သောကြောင့် စစ်ရှောင်ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်းသိရသည်။
မြို့ဦးစေတီတွင် စစ်ရှောင်လာနေသော စစ်ရှောင်ပြည်သူနှစ်ဦးမှာ ဈေးဝယ်ထွက်စဥ် စုပေါင်းရုံးရှေ့နား ဗုံးပေါက်ကွဲခဲ့သောကြောင့် ဒဏ်ရာရခဲ့သည်ဟု ဖားကန့်ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။
“ဗုံးက ထောင်မိုင်းထင်တယ် ဘာဗုံးလဲတော့သေချာမသိရဘူး၊ နှစ်ယောက်ထိတာ တစ်ယောက်က စိုးရိမ်ရလို့ ဖြစ်ကြီးနားဘက်ပို့မယ်ပြောတယ်။” ဟု ထိုသူကဆိုသည်။
ထိခိုက်ဒဏ်ရာရသူနှစ်ဦးထဲက တစ်ဦးမှာ ပေါင်တွင်မိုင်းစထိမှန်ခဲ့ပြီး ကျန်တစ်ဦးမှာ စိုးရိမ်ရသောကြောင့် မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ရန်လုပ်ဆောင်နေကြောင်းသိရသည်။
ဖားကန့်မြို့တွင် စစ်ကော်မရှင်၏ လက်နက်ကြီးနှင့် ဒရုန်းရမ်းသမ်းပစ်ခတ်မှုများကြောင့် မကြာခဏဆိုသလို အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး နေရသည်။
သတင်း - ဇော်




Comments