ဖားကန့်ဒေသ နေ့တစ်ရက်ထဲ ပြည်သူ(၄)ဦး သေဆုံးပြီး ပြည်သူ(၆)ဦး ဒါဏ်ရာပြင်းထန်
- Pajau Media

- Sep 18, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် စစ်ကော်မရှင်မှ ပစ်ခတ်လိုက်သည်် ၁၂၀ မမ လက်နက်ကြီးကျည်ထိမှန်သောကြောင််အသက်(၉)နှစ်အရွယ် မိန်းကလေး(၁)ဦး သေဆုံးကာ အသက်(၇၀)အရွယ် အဖွားအို(၁)ဦးနှင့် ကလေး ၃ဦးတို့ ဒါဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
"ဒီကနေ့ ညနေ (၄) နာရီဝန်းကျင်လောက်မှာ ဆိုင်းတောင်၊ အရင်ကောင်စံရွာသွားတဲ့ လမ်းဟောင်း အထက်မှော်ရှန် တောင်ကြားလမ်းဘက်မှာ လက်နက်ကြီးကျတာ ၊ကလေး(၃)ယောက်နဲ့ အဖွားအို(၁) ယောက်ထိမှန်ပြီး ကလေးတစ်ယောက်က ပွဲချင်းပြီးသေတယ်၊ ကျန်တဲ့ကလေးနှစ်ယောက်နဲ့ အဖွားအိုက ဒဏ်ရာပြင်းထန်တယ်" ဟု ဒေသခံတစ်ဦးက ယမန်နေ့တွင် ပြောသည်။
ထို့အပြင် ယမန်နေ့ စက်တင်ဘာ ၁၇ရက် နံနက်(၉)နာရီတွင် ရှရော်ခ ကက်သလစ်ဘုရားကျောင်းအနီးသို့ စစ်ကော်မရှင်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူတစ်ဦးလဲကျသေဆုံးနေသည်ဟု ပြည်သူများမှပြောသည်။
အလားတူ နံနက် (၁၀)နာရီခွဲတွင်လည်း ဖားကန့် မှော်ဝမ်းရပ်ကွက်၊ မင်းမင်းကျော် ရေဆေးဆီလိုက် လမ်းဆုံထောင့်တွင် အမျိုးသားတစ်ဦးကို စစ်ကော်မရှင်မှ သေနတ်ကျည်နှစ်ချက်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရသည်။
နေ့လည်(၁၁)နာရီဝန်းကျင်တွင် ဖားကန့် ဆန်းကြွယ် ဘောလုံးကွင်း ဈေးတန်းအနီး၌ အမျိုးသားတစ်ဦးကို စစ်ကော်မရှင်အုပ်စု ဝင်လာချိန်နှင့် ပက်ပင်းတိုး၍ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ထပ်မံသိရသည်။
စက်တင်ဘာ ၁၇ရက် နေ့လည်ပိုင်းအချိန်ခန့်က ဖားကန့် ဆန်းကြွယ်ကျေးရွာကို စစ်ကော်မရှင်အုပ်စုဖက်မှထိန်းချုပ်သွားနိုင်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထို့ကြောင့် ဖားကန့်ဒေသတွင် ယမန်နေ့တစ်ရက်ထဲပင် ပြည်သူ ၄ဦး သေဆုံးခဲ့ရပြီး၊ ပြင်းထန်ဒဏ်ရာရရှိခဲ့သူ စုစုပေါင်း ၆ဦးထိ ရှိခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၁၆ရက်နေ့တွင်လည်း အေးမြသာယာစျေးအနီးသို့ လက်နက်ကြီးကျည်ကျရောက်ပြီး ကလေးငယ်တဦး မိုင်းစထိမှန်ခဲ့သေးသည်။
ဖားကန့်မြို့တွင်းနှင့် ဗျူဟာကုန်းတို့၌ တပ်စွဲထားသော စစ်ကော်မရှင်အုပ်စုသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မြို့အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် အရပ်သား ပြည်သူများကို နေ့စဉ် ဗုံးကျဲ ပစ်ခတ်နေကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား
Photo credit to Owner










Comments