top of page

ဖားကန့်ဒေသ နိုဝင်ဘာ၉ရက်နေ့မှ စစ်ကောင်စီက စစ်ရေးတစ်ဖန် လှုပ်ရှားလာ

  • Writer: Pajau Media
    Pajau Media
  • Nov 11
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ree

စစ်ကောင်စီက နိုဝင်ဘာ ၉ရက်နေ့မှစ၍ ဖားကန့်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှု တစ်ဖန် ပြင်းပြင်းထန်ထန် လုပ်ဆောင်လာခဲ့ရာ KIAပူးပေါင်းတပ်ဖွဲ့မှလည်း ခုခံတိုက်ခိုက်နေသောကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။


စစ်ကောင်စီတပ်ဖွဲ့က လဝါးကျေးရွာမှ ဖားကန့်-မှော်ဆီစာနှင့် လုံးခင်းဝန်းကျင်အတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အပြင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အရပ်သားပြည်သူ(၂)ဦး အသက်သေဆုံးခဲ့ရပြီး၊ အခြားထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ ထို့အပြင် ဖားကန့် တပ်မကုန်းမှလည်း ပြည်သူများနေထိုင်ရာသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ကူခဲ့ကြောင်း သိရသည်။


ယမန်နေ့ နိုဝင်ဘာ ၁၀ရက်နေ့တွင်လည်း လုံးခင်းကျေးရွာဘက် စစ်ကောင်စီနှင့် KIAပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သလို မှော်ဆီစာတောင်ပေါ် ဘုန်းကြီးကျောင်း၊ ဂေါက်ကွင်း၊ မျောက်ကုန်းနှင့် လယ်ပြင်အနီး စသည့်နေရာများတွင်လည်း အပြန်အလှန် ပစ်ခတ်သံ ကြားရသည်ဟု ဒေသခံများက ပြောသည်။


ထို့အပြင် မွန်းလွှဲ ၁နာရီ ၂၅မိနစ်ချိန်ခန့်၌လည်း မြစ်ကြီးနားမှ တက်လာသည့် ဂျက်လေယာဉ်တစ်စီးက အမှတ်(၂၆)တပ်ရင်းဒေသတွင် လေယာဉ်ဗုံး (၃)ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားခဲ့သည်။


ဖားကန့်ဒေသတွင် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှုရအောင် စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့် KIAနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page