ဖားကန့်ဒေသ လျှပ်စစ်မီးအမြန်ရရှိရေး ဒေသခံများလိုလား
- Pajau Media

- Aug 21, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊ သြဂုတ်၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် လျှပ်စစ်မီးပြတ်တောက်နေတာ ၃လနီးပါး ကြာမြင့်လာသောကြောင့် ဒေသခံပြည်သူများ နေ့စဥ်လုပ်ငန်းဆောင်ရွက်ရာတွင် ခက်ခဲနေပြီး၊ အမြန်ဆုံးရရှိရန် လိုလားသည်ဟု ဒေသခံများက ပြောသည်။
မီးပြတ်တောက်နေသောကြောင့် ဒေသခံပြည်သူများ၏ ဖုန်း၊ ပါဝါဘန့် အစရှိသည့် အီလပ်ထရောနစ် လျှပ်စစ်ပစ္စည်းများကို မီးစက်နိုးသည့်နေရာများတွင် ပိုက်ဆံပေးကာ သွင်းယူနေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
"မီးမလာတာ အတော်ကြာပြီ၊ ခုချိန် ဆီစျေးကလည်းတက်တယ်၊ ပြီးရင် ဆိုလာသုံးမယ်ဆိုရင်လည်း မိုးတွင်းဆိုတော့ အဆင်သိပ်မပြေဘူး" ဟု ဒေသခံအမျိုးသား တစ်ဦးကပြောသည်။
ဖားကန့်ဒေသခံများက လက်ရှိစစ်ရေးအခြေအနေကြောင့် လုံခြုံရေးအတွက်ပါ စိုးရိမ်နေရသည့်အချိန် တစ်ဖက်မှာလည်း လျှပ်စစ်မီးမရရှိသောကြောင့် ခက်ခဲနေပြီး၊ တာဝန်ရှိသူများမှ မီးရရှိရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးစေလိုသည်ဟု ဆိုသည်။
ထို့အပြင် ဖားကန့်ဒေသတွင် စက်သုံးဆီများ ပြတ်လတ်နေသည့် အခြေအနေလည်းဖြစ်တာကြောင့် စက်သုံးဆီဖြင့် မီးစက်အသုံးပြုသူများနှင့် ဆိုင်အတွင်း သွားရောက်သွင်းယူရာတွင်လည်း အခက်အခဲများစွာ ဖြစ်နေသည်ဟု ဆိုသည်။
လက်ရှိချိန်ထိ ဖားကန့်ဒေသနှင့် ဖားကန့်သွားလမ်းပိုင်းများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ မကြာခဏဖြစ်နေပြီး၊ လမ်းပိုင်းတွင် အတက်အဆင်းကားများလည်း ပိတ်မိနေတတ်ကြောင်း ဆီဘောက်ဆာကားသမားများက ပြောသည်။
ထို့အပြင် ကားမိုင်း–နန့်ယားဖားကန့်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ လမ်းကြောင်းတစ်လျှောက် နေရာယူထားတာကြောင့် ခရီးသွားလာသည့် ပြည်သူတွေကို စစ်ဆေးတင်းကြပ်ထားပြီး၊ မအူပင်အထက် ကျောက်ထု၊ နန့်ယား၊ နန့်တိန့်၊ ယမ်းချက်စက်ရုံ၊ လယ်ပြင်ဂိတ် စတဲ့ နေရာတွေမှာ အမည်၊ ကားနံပါတ်နှင့် မှတ်ပုံတင်ကပ်ပြားများ အဆင့်ဆင့် စစ်ဆေးရေးတင်းကြပ်ထားကြောင်း သိရသည်။
သတင်း - ဖရိန်း




Comments