top of page

ဖားကန့်ဒေသ သေနတ်ပစ်သတ်ခံရသည့် အမျိုးသားနှစ်လောင်းတွေ့ရှိ

  • Writer: Pajau Media
    Pajau Media
  • Nov 6, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ကချင်ပြည်နယ် ဖားကန့်မြို့ ယူမာကျေးရွာနှင့် မရှီကထောင်ရပ်ကွက်တို့တွင် သေနတ်ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ အလောင်းကို ယနေ့မနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


"ညက သေနတ်သံကြားရတယ်။ နောက်မနက် ထကြည့်လိုက်တော့ သေနတ်ဒဏ်ကြောင့် သေဆုံးနေတဲ့ အလောင်းတွေ့ရတယ်"ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးနေသည့် အမျိးသားနှစ်ဦးမှာ မည်သည့်လက်နက်ကိုင်အဖွဲ့မှ ပစ်သတ်ခဲ့ကြောင်း အသေးစိတ် မသိရှိရသေးဘူးဟု အထက်ပါက ဆက်ပြောသည်။


ထိုသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦးထဲက တစ်ဦးမှာ ယူမာကျေးရွာ ဆဲဗင်းမြူးစစ်စားသောက်ဆိုင်အနီးတွင် သေဆုံးနေပြီး၊ နောက်တစ်ဦးမှာ မရှီကထောင်ရပ်ကွက် အပိုင်း(D)တွင် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။


ကချင်ပြည်နယ် ဖားကန့်မြို့နှင့် မြစ်ကြီးနားမြို့တွင် ည ၁၀နာရီမှ မနက် ၄နာရီအထိ ညမထွက်ရအမိန့်ကို နှစ်ဖက်စစ်တပ်က အသီးသီး ထုတ်ပြန်ထားသည်။


လက်ရှိချိန်တွင် စစ်ကောင်စီတပ်များက ဖားကန့်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိနေသည့်အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page