top of page

ဖားကန့်ဒေသမှာ စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်

  • Writer: Pajau Media
    Pajau Media
  • Nov 20
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ree

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကော်မရှင်ဦး‌ဆောင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာပြုလုပ်ကျင်းပမည့် တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို မဲပေးကြဖို့နှင့် ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုကို ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ကြောင်းသိရပါသည်။


ဖားကန့်လူထုလှုပ်ရှားမှုတွင် ဖားကန့်မြို့နယ် မှော်လှည့်သပိတ်စစ်ကြောင်း နဲ့ အတူ "သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးပါနဲ့၊ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်”၊ “အာဏာရှင် လုပ်တဲ့ ဒီမိုကရေစီ အပြောင်းအလဲဆိုတာ ဖာခေါင်းကလုပ်တဲ့ ပြည်တန်ဆာ ပပျောက်ရေးလိုပဲ ဖြစ်လိမ့်မယ်” ဆိုသည့် စာတန်းတွေ ကိုင်ဆောင် ကာ လူအင်အား (၅၀)ကျော်ခန့် ပါဝင် လမ်းလျှောက် ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။


တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ကောင်စီ ဦး‌ဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူအားလုံး ဆန့်ကျင်ကြဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့ကြကြောင်း သိရသည်။


နိုင်ငံအတွင်းက ပြည်သူတွေကို ရန်သူသဖွယ် ပြုမှုကာ ဗုံးကြဲတိုက်ခိုက်၊ မီးရှို့သတ်ဖြတ်မှုများ ပြုလုပ်နေသည့် စစ်ကော်မရှင်ကို တရားဝင်အသိအမှတ်ပြုကာ ထောက်ခံကူညီနေတဲ့ တရုတ်အစိုးရကိုလည်း တရားမဝင်ရွေးကောက်ပွဲကို ကူညီထောက်ခံနေတာကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြကြောင်းသိရသည်။


သတင်း- ပီးလာမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page