top of page

ဖားကန့်မြို့က လူငယ်တစ်ဦး ပျောက်ဆုံးနေ၍ အကူအညီ‌တောင်းခံ

  • Writer: Pajau Media
    Pajau Media
  • Sep 29, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


ဖားကန့်မြို့နယ်၊ မှော်တောင်းကျေးရွာတွင် နေထိုင်သူ ကိုဇော်ထက်အောင်(ခ)ကိုမင်းခန့်သည် စက်တင်ဘာ ၂၇ရက်နေ့တွင် ပျောက်ဆုံးသွားပါသဖြင့် မိသားစုများမှ အကူအညီ တောင်းခံခြင်းဖြစ်ပါသည်။


 ပျောက်ဆုံးသွားသော ကိုဇော်ထက်အောင်(ခ)ကိုမင်းခန့်သည် အဖော်(၂)ဦးနှင့်အတူ ဆိုင်ကယ်(၃)စီး မောင်းနင်၍ စစ်ရှောင်‌ထောက်ပံ့မည့်ပစ္စည်းများ သယ်ယူရန်သွားရောက်စဥ် ပျောက်ဆုံးသွားခြင်းဖြစ်ပါသည်။


 ပျောက်ဆုံးချိန်မှစ၍ မိသားစုများမှနီးစပ်ရာတွင်ရှာဖွေကြသော်လည်း သတင်းအစအနပင် မရရှိသောကြောင့် စိုးရိမ်ပူပန် နေကြကြောင်း မိသားစုဝင်တဦးမှ ပြောပါသည်။


အိမ်တွင်လည်း လမ်းမလျှောက်နိုင်သော ဖခင်နှင့် ခြေထောက် Accident ဖြစ်ထားသော ညီလေးတို့ကို လုပ်ကျွေးနေရသော သားတစ်ယောက် /အကိုတစ်ယောက်ဖြစ်သောကြောင့် ဖားကန့်မြို့နေ မိဘပြည်သူများနှင့် သက်ဆိုင်ရာလူကြီးမင်းများမှ ဝိုင်းဝန်းကူညီ သတင်းပေးကြပါရန် လေးစားစွာဖြင့်အကူညီတောင်းခံရသည်ဖြစ်ကြောင်း မိသားစုထံမှ သိရပါတယ်။


 တွေ့ရှိသတင်းရပါက ဆက်သွယ်ပေးပါရန် ဖုန်း-၀၉၈၈၀၂၁၂၈၅၅ နှင့် ၀၉၇၆၈၁၆၁၆၆၃တို့တွင် ဆက်သွယ်ပေးရန် ပြောဆိုထားသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page