ဖားကန့်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ်ပြုလုပ်
- Pajau Media

- Oct 7, 2025
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ အောက်တိုဘာ ၆ရက်နေ့တွင် ကျရောက်သည့် သီတင်းကျွတ်လပြည့်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖားကန့်နေပြည်သူများက သီတင်းကျွတ်လပြည့်ညက ဆီမီးများထွန်းညှိပြီး တော်လှန်ရေးတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော်များကို ဦးညွှတ်အလေးပြုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများအားလုံး ကျန်းမာစွာနှင့် အမြတ်ဆုံးပြန်လည်လွတ်မြောက်လာကြစေရန် ဆုတောင်းခဲ့ကြသည်။
ထို့အပြင် စစ်ကော်မရှင်က ပြုလုပ်ကျင်းပသွားမည့် အတုအယောင် ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားတိုင်း ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ကြရန် နှိုးဆော်ခြင်း နိုင်ငံ့အရေးတွင်လည်း ဆက်လက်ပါဝင်အားဖြည့်ကြရန် အကြံပြုနှိုးဆော်ခြင်းစစ်တပ်၏အကြမ်းဖက်မှုများ ကျဆုံး ပျောက်ကွယ်ပြီး ၊ ဓမ္မ အမှန်တရားသည်သာ ထာဝရ တည်ပါစေ ဟု ဆုတောင်းကြခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့သို့ သီတင်းကျွတ် ဆီမီးသပိတ်ကို ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်တို့ရှိ သပိတ်အဖွဲ့များနှင့် ဒေသခံပြည်သူများက သီတင်းကျွတ်လပြည့် တော်လှန်းရေး ဆီမီးသပိတ်လှုပ်ရှားမှုများကို အသီးသီး ပြုလုပ်ခဲ့ကြသည်။
သတင်း-ဖရိန်း




Comments