ဖားကန့်မြို့တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ
- Pajau Media

- Dec 5, 2025
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။

ဖားကန့်မြို့နယ်၊ ယူမာကျေးရွာ၊ ရွှေကျောက်ဆောင် စတိုးလ်ဆိုင်အနီးတွင် ယနေ့မနက်ပိုင်းတွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိခဲ့ကြောင်း ဖားကန့်ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
သေဆုံးသူဟာ ဆိမ်မှုကျေးရွာနေ အမျိုးသားတစ်ဦးဖြစ်ပြီး ညာဘက်လည်ပင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေတာကိုတွေ့ရပြီး ခန္ဓာကိုယ်ထဲတွေလည်း ဗုံးစထိထားသော ဒဏ်ရာများလည်း တွေ့ရတယ်လို့ ဆိုသည်။
ယူမာကျေးရွာသည် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲများကြား ထိတွေ့တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသောနေရာဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ယမန်နေ့ညနေပိုင်း ၆နာရီခန့် တွင် စစ်ကော်မရှင် တမ်ဖွဲ့များ စစ်ရေးလုပ်ရှားလာသောကြောင့် ညောင်ပင်ကုန်းအတက်နှင့် မှော်စီစာတောင်ပေါ်ဘုန်းကြီးကျောင်းအနီးတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားနေစဥ် ဖားကန့်တပ်မကုန်းကမှ ပစ်လိုက်သော လက်နက်ကြီးသည် မှော်စီစာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် (၁၂) အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ဖားကန့်မြို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ပထမအပတ် လောက်ကစပြီး စစ်ကော်မရှင်တပ်၊ ရှမ်းနီတပ်နှင့် ပြည်သူ့စစ်တပ်များစစ်အင်အားဖြည့်ပြီး စစ်ရေးလုပ်ရှားလာသောကြောင့် နှစ်ဖက်တပ်ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသောနေရာဖြစ်သည်။
သတင်း - ဇော်




Comments