ဖားကန့်မြို့နယ် မှော်စီစာကျေးရွာအနီးမြေစာပုံတစ်ခု ပျိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသအချို့ သေဆုံး
- Pajau Media

- Dec 6, 2025
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီစာကျေးရွာအနီးတွင် မနေ့က ဒီဇင်ဘာ ၅ရက်နေ့ ညနေပိုင်းတွင် မြေစာပုံတစ်ခု ပျိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသည့် ရေမဆေးသမား တချို့ မြေစာထဲ မျောပါသွားခဲ့ကြောင်း ဖားကန့်ဒေသခံတစ်ဦးပြောပြချက် အရသိရသည်။
မြေစာပုံဟာ မှော်စီစာကျေးရွာအနီးရှိ သာယာကုန်း မြေစာပုံဖြစ်ပြီး မြေပျိုကျမှုကြောင့် လူဘယ်နှစ်ယောက် နှစ်မြုပ် ထိခိုက်သေဆုံးသည်ကိုတော့ မသိရသေးဘူးလို့ပြောသည်။
“လူတွေဘယ်လောက်ထိ မျော်ပါသွားလဲတော့ မသိဘူး၊ တချို့တွေကိုတော့ ထုတ်နိုင်လိုက်တယ်၊ ရေမဆေးရှာနေတဲ့အချိန်ဆိုတော့ ပါသွားတာပေါ့” ဖားကန့်ဒေသခံတစ်ဦးပြောပြသည်။
ညအချိန် ရေမဆေးရှာနေချိန် ပျိုကျသောကြောင့် ရေးမဆေးသမားများ မျောပါသွားခြင်းဖြစ်ပြီး လူတစ်ချို့ကိုတော့ ဆွဲထုတ်နိုင်ခဲ့ပေမဲ့ ကျန်ရှိသေးနိုင်ကြောင်းနှင့် ဘယ်လောက် ထိခိုက်သေဆုံးသည်ကိုတော့ မသိရသေးဘူးလို့ ပြောသည်။
ဖားကန့်မြို့သည် မြေစာပုံပြိုကျခြင်းနှင့် နွန်ကန် ပေါက်ခြင်းဖြင့် လူ၊ နေအိမ် ထိခိုက်သေဆုံးမှု မကြားခဏ ဖြစ်ပေါ်နေကြောင်းသိရသည်။
သတင်း - ဇော်




Comments