top of page

ဖားကန့်မြို့နယ်ရှိ ကျေးရွာ(၆)ရွာမှ စစ်ရှောင်(၂၀၀၀)ကျော်အတွက် နေရာထိုင်ခင်း၊ဆေးဝါးနှင့်အစားအသောက်များလိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • 5 days ago
  • 1 min read

ပါဂျောင်မီဒီယာ။

၁၃ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဆိုင်းဖရာ၊ ကပ်မှော်ဇွပ်၊ နန့်ယား၊ နန့်တိန်းနှင့် အခြားသော ကျေးရွာ(၆)ရွာမှ စစ်ရှောင်ပြည်သူပေါင်း (၂၀၀၀)ကျော်အတွက် နေရာအထိုင်အခင်းနှင့် ဆေးဝါး၊ အစားအသောက်များ လိုအပ်နေကြောင်း ဥရုဆိုင်းမော်ဇုံနယ်(UGZ)၏ ထုတ်ပြန်ချက်မှ သိရသည်။


အဆိုပါ စစ်ရှောင်များအနက် လူဦးရေ (၁,၂၅၂)ဦးတို့ကို လက်ရှိ ဥရုဆိုင်းမော်ဇုံနယ်မှ အသင်းတော်(၁၄)နေရာတွင် နေရာချပေးထားကြောင်းနှင့် ၄င်းတို့အတွက် နေရာအထိုင်အခင်းများ၊ အစားအသောက်များ၊ ဆေးဝါးပစ္စည်းများ၊ အခြေခံလူသုံးကုန်ပစ္စည်းများ အရေးပေါ်လိုအပ်နေသည်ဟု ဆိုသည်။


ထို့အပြင် နီးစပ်သည့် တောတောင်နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ကပ်မှော်၊ဆိုင်းဖရာနှင့် နန့်ယားကျေးရွာမှ ဒေသခံ(၁,၂၃၁)ဦးနှင့် ဆွတ်အောင်ယာန်ကျေးရွာမှ ထွက်ပြေးစစ်ရှောင်(၂၀၃)ဦးတို့ ကျန်ရှိနေသေးပြီး၊ ယင်းတို့ကိုလည်း ခေါ်ယူနေရာချပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။


လက်ရှိစစ်ရှောင်များကို နေရာချပေးထားသည်မှာ စာသင်ကျောင်းနေရာများဖြစ်သည့်အပြင် ကျောင်းပြန်လည်ဖွင့်လှစ်ချိန် ရောက်လာသောကြောင့်လည်း နေရာရွှေ့ပြောင်းပေးရန်လိုအပ်လာပြီး အခက်အခဲများစွာ ရှိနေသည်ဟု ဆိုသည်။


တစ်ဖန်ပြင်းထန်လာသည့် ဖားကန့်ဒေသ တိုက်ပွဲကြောင့် မြစ်ကြီးနား-ဖားကန့်လမ်းမပေါ်က ကျေးရွာ(၁၀)ရွာမှ ဒေသခံများမှာ ဧပြီလ၂၄ရက်နေ့ကတည်းက ကျေးရွာစွန့်ကာ ထွက်ပြေးတိမ်းရှောင် လာခဲ့ခြင်း ဖြစ်သည်။

သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page