top of page

ဖားကန့်မြို့ ပေါ်မှ အစိုးရကျောင်းများ စစ်ကော်မရှင် ယာယီပိတ်ပင်

  • Writer: Pajau Media
    Pajau Media
  • Sep 2, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်မှ အစိုးရကျောင်းများ အားလုံးကို ယနေ့ စက်တင်ဘာ၂ရက်နေ့မှ စတင်ပြီး စစ်ကောင်စီဘက်ကနေ ပိတ်ပင်ရန် ထုတ်ပြန်လာကြောင်း သိရသည်။


 "ကျောင်းပို့သွားတဲ့ မိဘတွေကို ကလေးတွေခေါ်ပြန်ဖို့ ပြောခဲ့တာ၊ ကျောင်းကို တစ်ပတ်ပိတ်မယ်တဲ့၊ စစ်ရေးအခြေအနေပေါ် မူတည်ပြီး ကျောင်းတွေပြန်ဖွင့်ပေးမယ်တဲ့" ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။


ဒေသခံများ ပြောဆိုချက်အရ ကျောင်းတက်နေသည့် ကလေးငယ်များထဲတွင် ဖားကန့်ဗျူဟာကုန်းနှင့် ရဲစခန်းမှ စစ်ကော်မရှင်များ၏ မိသားစုဝင် ကလေးငယ်များလည်း ပါဝင်ကြောင်း၊ ယနေ့မှ စတင်၍ အစိုးရကျောင်းများကို ယာယီပိတ်ပင်မည်ဖြစ်ပြီး အခြေအနေအရ လာမည့် ၈ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိမှာ ဖားကန့်မြို့အတွင်း နှစ်ဖက်စစ်တပ်၏ စစ်ရေးတင်းမာမှု အခြေအနေ ဆက်တိုက်ဖြစ်ပွားနေပြီး၊ တိုက်ပွဲများလည်း ရှိနေကာ ဖားကန့်မြို့အပြင် ကျေးရွာဒေသဘက်မှာ စစ်ရေးအရှိန်မြင့်တက်နေသည်မှာ လချီကြာမြင့်လာပြီဖြစ်သည်။


ဒေသခံများမှာ စစ်ကော်မရှင်မှ အစိုးရကျောင်းများ ယာယီပိတ်ပင်လာသည်ကို အတိအကျ မသိရသော်လည်း လက်ရှိဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများကြောင့် ဖြစ်နိုင်ကြောင်း၊ ကျောင်းပိတ်ပြီးနောက် မည်သို့စစ်ကြောင်းထိုး လှုပ်ရှားလာမည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။


ထို့အပြင် လတလော မရှီကထောင်မှ ဒေသခံများကို ရှောင်တိမ်းကြရန် သတိပေးပြောဆိုမှုများလည်း ရှိနေကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page