top of page

ဖားကန့်-မလန်ကျေးရွာကို Y-12ဖြင့် ထပ်မံဗုံးကျဲ

  • Writer: Pajau Media
    Pajau Media
  • Oct 10
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊ အောက်တိုဘာလ၊ ၂၀၂၅။


ree

ဖားကန့်မြို့နယ် မလန်ကျေးရွာကို ယနေ့နံနက် (၈)နာရီဝန်းကျင် အချိန်ခန့်က စစ်ကော်မရှင်တပ်မှ Y-12 လေယာဥ်နှင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


 မလန်ကျေးရွာက လုံးခင်းနှင့် ဖားကန့်မြို့ကြားတွင်ရှိပြီး ထိုနေရာတွင် တောင်လှန်ရေးတပ်ဖွဲများနှင့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းများ တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်နီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။


“ဟုတ်တယ် မနက်ပိုင်း လာကြဲသွားတာ။ တိုက်လေယာဉ် (Jet)တော့မဟုတ်ဘူး အသံအကျယ်ကြီးပဲ အကြာကြီးဝဲနေတာ လုံးခင်းမှာ၊ လူထိခိုက်မှုတော့ မသိရဘူး၊ ဘယ်သူမှ အဲ့ဘက်မသွားရဲကြတော့။” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။


Y-12 လေယာဥ်ဖြင့် လာရောက်ကျဲချသွားခြင်းဖြစ်ပြီး သွားရေးလာရေး အခက်အခဲကြောင့် လူထိခိုက်မှုရှိမရှိကိုတော့ မသိရဘူးလို့ ဆိုသည်။ မလန်ကျေးရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့တွင်လည်း နေလည်မွန်းတည့်ချိန်လောက်က လေယာဥ်နှင့် ဗုံးကျဲချခဲ့သည်။


ယခုရက်ပိုင်းအတွင်း ဖားကန့်ဒေသတွင် စစ်ရေးပြင်ထန်နေသည့်အပြင် စုဆောင်းရေးအလွန်ဆွဲနေသောကြောင့် ဒေသခံများ သွားလာရေးအတွက် အခက်အခဲရှိနေသလို၊ အမျိုးသားအပြင် အမျိုးသမီးများကိုပါ ဆိုင်အထဲထိ ဝင်ရောက်ခေါ်ဆောင်နေသဖြင့် အချို့ဆိုင်များ ပိတ်ပင်ထားရကြောင်းလည်း ထပ်မံသိရသည်။


သတင်း- ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page