top of page

ဖုန်ငိုင်ယာန်စစ်ရှောင်များ အစားအသောက် ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Sep 9, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၉ ၊ ၉၊ ၂၀၂၄။



ree

ပူတာအိုဒေသရှိ ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများ ၈၀၀နီးပါး အစားအသောက် အခက်အခဲ ဖြစ်နေကြောင်း စစ်ရှောင်များ ပြောပြချက်အရ သိရသည်။


ဖုန်ငိုင်ယာန်စစ်ရှောင်များမှာ စားနပ်ရိက္ခာ မဖူလုံသည့် အခက်အခဲနှင့် ကြုံတွေ့နေရပြီး၊ တောင်ယာ၊ လယ်ယာလုပ်ငန်းဖြင့်သာ စားဝတ်နေရေးအတွက် ဖြေရှင်းကြရပေမယ့် ယခုနှစ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ပိုမိုခက်ခဲလာသည်ဟု ပြောသည်။ စစ်ရှောင်များ၏ အဓိကစားဝတ်နေရေး လုပ်ငန်းမှာ တောင်ယာ၊လယ်ယာလုပ်ငန်းနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းများသာ ဖြစ်သည်။


ပြီးခဲ့သည့် မေလမှစပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး၊ ဆန်၊ဆီ၊ဆားနှင့် အခြားလိုအပ်သည့် ပစ္စည်းများကို လူမှုအဖွဲ့အစည်းများမှ ကူညီထောက်ပံ့ခဲ့ကြပေမယ့် လူဦးရေများပြားသည့် အိမ်ထောင်စုများမှာ မလုံလောက်သည့် အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။


လူမူကူညီရေး အဖွဲ့အစည်းများမှ ကူညီစောင့်ရှောက်မူကိုသာ အားကိုးအားထားခဲ့ရပေမယ့်၊ ဇူလှုင်လ ၂၁ရက်နေ့နောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဖုန်းအဆက်အသွယ်များအားလုံး ပြတ်တောက်ခဲ့သည့်အပြင် တိုက်ပွဲများပါ ပြင်းထန်းခဲ့သဖြင့် အဖွဲ့အစည်းများပါ မရောက်တော့ပဲ တစ်ပူပေါ်တစ်ပူဆင့် ခက်ခဲနေကြရသည်။


ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းအတွင်း နေထိုင်ကြသည့် ကျေးရွာများမှာ ဆွမ်ပီယာန်၊ဝဒတ်နှင့် အင်စီးယာန် စသည့်ဒေသများမှ အိမ်ထောင်စု ၂၂၆နှင့် လူဦးရေအားဖြင့် ၈၀၀နီးပါး မှီတင်းနေထိုင်သော စစ်ရှောင်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page