top of page

ဖရဲကျေးရွာအနီး မြေရှားသတ္ထုဆိုက် ပြိုကျမှုကြောင့် ရွာလုံးကျွတ် ပါသွားသည့်သတင်း မမှန်ကန်

  • Writer: Pajau Media
    Pajau Media
  • Dec 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊ဒီဇင်ဘာ၊၂၀၂၅။


KIO ထိန်းချုပ်ဒေသဖြစ်သည့် ဖရဲကျေးရွာအနီးတွင် မြေရှားသတ္တုလုပ်ကွက်ဆိုက် ပြိုကျမှုဖြစ်ပြီး လုပ်ကွက်အနီးဈေးဆိုင်မှ မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၅ နာရီတွင် မြေပြိုမှု စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး လုပ်ကွက်ထဲမှလုပ်သားများနှင့် ဈေးရောင်းသူများမှာ အချိန်မှီရှောင်တိမ်းနိုင်ခဲ့သော်လည်း မိန်းကလေးတစ်ဦးထဲ မြေပြိုမှုထဲ ပါသွားခဲ့ကြောင်း သိရသည်။


အဆိုပါသတင်းအား စစ်ကောင်စီလက်အောက်ခံ မီဒီယာများတွင် လုပ်ငန်းရှင် တရုတ်လူမျိုးနှင့် ရွာလုံးကျွတ် မြေပြိုမှုထဲ ပါသွားကြောင်း တွေ့ရသော်လည်း မမှန်ကန်ကြောင်း ဒေသခံများမှ သိရသည်။


မြေပြိုမှု ဖြစ်ပွားခဲ့သည့်နေရာမှာ ဖရဲကျေးရွာနှင့်အနည်းငယ်ကွာဝေးပြီး ဈေးရောင်းနေသည့် ဈေးဆိုင်သုံးဆိုင်လည်း မြေပြိုမှုကြောင့် ပျက်စီးသွားခဲ့ရသည်။


သတင်း- ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page