top of page

ဗန်းမောက်မြို့ကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ထိုးစစ်ဆင်၊ တော်လှန်ရေးတပ်ဖွဲ့ ကျေးရွာအချို့ လက်လွှတ်

  • Writer: Pajau Media
    Pajau Media
  • Oct 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ကချင်-စစ်ကိုင်းအစပ် ဗန်းမောက်မြို့ကို စစ်ကောင်စီနှင့် SNAပူးပေါင်းတပ်ဖွဲ့များက တစ်ဖန်ပြန်လည် ထိုးစစ်ဆင်လာသောကြောင့် တော်လှန်ရေးဘက်မှ ကျေးရွာအချို့ ဆုတ်ခွာထားရကြောင်း သိရသည်။


ဗန်းမောက်မြို့မှ ခမိုးကျေးရွာနှင့် စက်တောကျေးရွာတို့ကို ဆုတ်ခွာထားရခြင်းဖြစ်ပြီး၊ ယင်းဆုတ်ခွာထားရသည့် ကျေးရွာအနီးဝန်းကျင်အတွင်း နှစ်ဖက်တိုက်ပွဲမှာ လက်ရှိအချိန်ထိ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ကာ၊ တော်လှန်ရေးဘက်မှလည်း ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။


တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့ကို ပြီးခဲ့သည့် စက်တင်ဘာ၂၀ရက်နေ့တွင် တိုက်ခိုက်သိမိးပိုက်ထားခြင်းဖြစ်ပြီး၊ စစ်ကောင်စီနှင့် SNAပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် အောက်တိုဘာ ၄ရက်နေ့ကတည်းက ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။


စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များမှာ လက်ရှိ ဗန်းမောက်မြို့ထိ ပြန်လည်ရရှိရေး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး၊ လေကြောင်းများလည်း အသုံးပြုကာ တိုက်ခိုက်နေသလို ဟုမ္မလင်းမြို့နယ်ရှိ တပ်မ ၃၃လက်အောက်ခံ တပ်သားများနှင့် SNAပူးပေါင်းတပ်ဖွဲ့ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page