ဗန်းမောက်မြို့တွင် ထိုးစစ်နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေ
- Pajau Media

- 6 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ဇန္နဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအဆက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ဗန်းမောက်မြို့ကို စစ်ကောင်စီနှင့် SNAပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
စစ်ကောင်စီက တိုက်ပွဲပြင်းထန်နေသည့် ဗန်းမောက်မြို့တွင် အသေခံဒရုန်းများ လက်နက်ကြီး နှင့် လေကြောင်းများဖြင့် မြို့ထဲနှင့် မြို့ပတ်ဝန်းကျင်နေရာများတွင် နေ့စဉ် တိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိ ဗန်းမောက်မြို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည့်အပြင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံနေအိမ်များလည်း မီးလောင်ပျက်စီးမှုများ ရှိနေသည်ဟု ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ဗန်းမောက်မြို့ကို ပြန်လည်ရရှိရန်အတွက် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။
သတင်း-ဖရိန်း




Comments