top of page

ဗန်းမောက်မြို့နှင့်အနီးပတ်ဝန်းကျင်များကို စစ်ကောင်စီက လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲပစ်ခတ်တိုက်ခိုက်လာနေ

  • Writer: Pajau Media
    Pajau Media
  • Dec 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။


ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ်ရှိ တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် ဗန်းမောက်မြို့နှင့်အနီးပတ်ဝန်းကျင်များတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲပစ်ခတ်တိုက်ခိုက်လာနေကြောင်း သိရသည်။


"ပြီးခဲ့တဲ့ နိုဝင်ဘာလကုန် ၂၉၊ ၃၀ လောက်ကနေစပြီး လေကြောင်းတိုက်ခိုက်တာတွေပြန်လုပ်ဆောင်လာတယ်"ဟု တော်လှန်ရေးတပ်ဘက်မှ ပြောသည်။


စစ်တပ်က ​ဗန်းမောက်မြို့အနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ကတည်းက ဂျက်ဖိုက်တာ၊ Y-12 အမျိုးစားလေယာဥ်များဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


စစ်ကောင်စီပူးပေါင်းတပ်များသည် ဗန်းမောက်မြို့ကို ပြန်လည်ရရှိရန်အတွက် မြေပြင်ထိုးစစ်ဆင်လာသည့်အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်ဆောင်လာကြောင်းသိရသည်။


ထို့သို့ စစ်တပ်ထိုးစစ်ဆင်လာမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြန်လည်ပြင်းထန်းလာနိုင်သောကြောင့် ပြည်သူများ ပိုမိုသတိထားသွားလာကြရန် တော်လှန်ရေးတပ်များက သတိပေးထားကြသည်။


သတင်း-ဖရိန်း



Comments


Pajau Media

Thanks for subscribing!

bottom of page