top of page

ဗန်းမော်ခရိုင်မှ ပညာရေးဝန်ထမ်းများနှင့် ဝိုင်းမော်မြို့နယ်မှ တိမ်းရှောင်လာသူများကို ဝန်ကြီးချုပ်မှ ကူညီထောက်ပံ့ပေး

  • Writer: Pajau Media
    Pajau Media
  • Aug 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ ဩဂုတ်၊ ၂၀၂၅။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသည့် ဗန်းမော်ခရိုင်မှ ပညာရေးဝန်ထမ်းများနှင့် ဝိုင်းမော်မြို့နယ်မှ တိမ်းရှောင်လာသူများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်မှ တွေ့ဆုံကာ ကူညီထောက်ပံ့ခဲ့သည်။


ထိုသို့တွေ့ဆုံပြီးနောက် အားပေးစကားပြောကြားကာ ပညာရေးဝန်ထမ်းမိသားစု (၃၆)စုအတွက် ဆန်(၂၄)ပြည်ပါ ဆန်အိတ် (၃၆)အိတ်၊ ဆီ(၃၆)ပိဿာနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဝန်ထမ်းများမှာ နယ်မြေလုံခြုံရေး အခြေအနေအရ ပြည်နယ်ရုံးများတွင် တွဲဖက်လာရောက် တာဝန်ထမ်းဆောင်လျက်ရှိသော ဗန်းမော်ခရိုင်မှ အစိုးရဝန်ထမ်းများ ဖြစ်သည်။


ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဝိုင်းမော်မြို့နယ်မှ ယာယီတိမ်းရှောင်လာသူများကိုလည်း တွေ့ဆုံ၍ အိမ်ထောင်စု(၁၇၀)စုအတွက် ဆန်(၂၄)ပြည်ပါ ဆန်အိတ်(၃၅)အိတ်၊ ဆီ(၃၆)ပိဿာ၊ ကြက်ဥ(၃၄၀၀)လုံးနှင့် ဗလာစာအုပ်(၁၂၀)အုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့အတူ ယာယီတိမ်းရှောင်စခန်းအတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် စာကျက်ဆောင် ဆောက်လုပ်နိုင်ရေးအတွက် ဝါးများဝယ်ယူရန် ငွေကျပ်သိန်း(၃၀)ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။


သတင်း - ထိန်နိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page