top of page

ဗန်းမော်တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဗုံးဆက်တိုက်ပစ်ချ

  • Writer: Pajau Media
    Pajau Media
  • Aug 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ ဩဂုတ်၊ ၂၀၂၅။


KIAအမှတ်(၃)တပ်မဟာဒေသ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် လက်ရှိအချိန်ထိ KIAနှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။


လက်ရှိအချိန်ထိ ဗန်းမော်မြို့အတွင်းရှိ အမြောက်တပ် (၃၆၆)နှင့် လေယာဉ်ကွင်းနေရာများသာမက နေရာတော်တော်များများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး၊ ယမန်နေ့ ဩဂုတ်၂၄ရက် နံနက်၅နာရီအချိန်ကည်းက စစ်ကောင်စီမှ လေယာဉ်ဗုံးဖြင့် ဆက်တိုက်ဗုံးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဗန်းမော်ဒေသတွင် ဩဂုတ်လဆန်းကတည်းက စစ်ကောင်စီ၏ စစ်အင်အား၊ လက်နက်ပစ္စည်းများ သယ်ဆောင်လာသည့် စစ်သင်္ဘောများ ရောက်ရှိလာပြီးနောက်ပိုင်း နေ့စဉ်နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။


စစ်တပ်ဖွဲ့က မြေပြင်စစ်ကြောင်းအပြင် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် လေယာဉ်ဗုံး၊ ဒရုန်းဗုံး၊ လက်နက်ကြီးများ စုံစုံလင်လင်ဖြင့်လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြောင်း သိရသည်။


အလားတူ ဖားကန့်ဒေသဘက်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်အင်အားအလုံးအရင်းဖြင့် အင်အားဆက်တိုက်ဖြည့်တင်းနေကြပြီး၊ စစ်ရေးလှုပ်ရှားနေသောကြောင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားကာ၊ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုလည်း မကြာခဏ ဖြစ်ပွားနေသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page