ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
- Pajau Media

- Nov 5
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊နိုဝင်ဘာ၊၂၀၂၅။

KIAအမှတ်(၃)တပ်မဟာ ဗန်းမော်ဒေသတွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲမှာ နေ့စဉ်ပြင်းထန်စွာ တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ဗန်းမော်တက္ကသိုလ်ကျောင်း၊ နမ့်ဖား၊ တာမိုင်းလုံဘက်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ မြေပြင်ဖြင့်လည်း စစ်ကြောင်းထိုးတိုက်ခိုက်နေသောကြောင့် KIAပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ခလရ(၄၇)နှင့် ၃မိုင်ကျေးရွာဘက်ကို နေ့စဉ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်စခန်း ဆက်လက်သိမ်းပိုက်နိုင်ခြင်း မရှိသေးပေမယ့် နှစ်ဖက်တပ်ဖွဲ့မှ စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့များမှာ ဗန်းမော်ဒေသအလုံးစုံကို ပြန်လည်သိမ်းပိုက်ရန် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်အသုံးပြုကာ တိုက်ခိုက်နေခဲ့ပြီး၊ KIAပူးပေါင်းတပ်ဖွဲ့မှလည်း ဆက်လက်ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့KIOနှင့် တရုတ် တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်တိုက်ပွဲ ငြိမ်သက်သွားကြောင်း သတင်းများတွင် တွေ့နေရသော်လည်း လက်တွေ့မြေပြင်တိုက်ပွဲတွင် ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု KIOက ပြောထားသည်။
သတင်း - ထုဆိုင်း



Comments